အစမှာတော့.............
ပျော်ခဲ့ရသည်၊ပျော်ကြမည်လို့....
တမော်မော်အတွေးတွေနဲ့...
တော်တော်လေးတော့ပျော်ခဲ့ဘူးတယ်။
မတူတာတွေမေ့ထား...
မဖြစ်နိုင်တာတွေဖျောက်ထား.....
ဒါပေမယ့်လည်း...........
အချိန်တွေက.....စားလာတော့.............................
အချစ်ဆိုတာ.........အလကားပါလားကွယ်။
(ဇဝါ့အတွက်...ကိုယ်တိုင်ခံစားရေးဖွဲ့သည်။)
Saturday, February 21, 2009
ချစ်တဲ့သူငယ်လေ....
ချစ်တဲ့သူငယ်လေ....အစချီတဲ့အိုင်ချင်းလေးပါ......
မြန်မာတွေရဲ့ရှေးအယူများ၊ သူငယ်ချင်းအချင်းချင်းချစ်ကြည်ရင်းနှီးတဲ့ခေါ်ဟန်လေးတွေ....ကိုချစ်စရာတွေ့ရပါတယ်။
လူကြီးမိဘစကားကိုနားမထောင်တဲ့...ကောက်စိုက်သမလေးရဲ့အဖြစ်ကိုလည်း
ပြုံးစရာ၊သနားစရာတွေ့ရပါတယ်..
ဘယ်စာအုပ်ထဲကကူးထားမိမှန်းမမှတ်မိတာနဲ့...
ရေးသူမသိတော့တာကိုတော့ခွင့်လွှတ်ပါ။
---ချစ်တဲ့သူငယ်လေ....
သူငယ်ချင်းရယ်ကောင်းသည့်..
ယောက်မတို့လေး....
---တိမ်ခိုးငယ်မှဝေဝေ၊နှောပင်ကြီးကြွေ
လေဗွေတိုက်လို့၊ ဝဲတတ်တယ်။
---ဥသျှစ်သီး၊မြေကြီးမှာမြှုပ်
ပြာဖုံးအုပ်လို့၊မီးဖုတ်လိုက်လျှင်
သီဖော်ရယ်မှသီးဖက်၊ အပင်ထက်မှာ
တက်တက်စင်၊မီးကင်သည့်နှယ်၊ကွဲတတ်တယ်။
---စနေဂြိုလ်စား၊ကြိမ်ခိုက်များမှာ
ချယားသစ်ပင်၊အိမ်လှေကားတွင်
စိုက်ထားလျှင်မူ၊အင်ခွင်ဥစ္စာနည်းတတ်တယ်။
---တံစက်ရေနှင့်တွင်းရေမတူ
ရေခမိုးရေချိုးသူ
ညှင်းဖြူပြိုးပျောက်၊စွဲတတ်တယ်။
---ပုဝါပြောက်၊အထောက်ကယ်မတန်
မျက်နှာသစ်လို့၊အညစ်ခံလျှင်
ဝက်ခြံမှည့်လို့မဲတတ်တယ်။
---သနပ်ခါး၊ကျောက်ပြားပေါ်တွင်
သောက်ရေအေးနှင့်၊ရောသွေးပါလျှင်
နံ့သာအပေါ်၊ကျဲတတ်တယ်။
---မိုးချုပ်ကယ်မှနေဝင်၊စဖိုထဲ
အမဲကင်မူ၊စုန်းမှင်နတ်တို့ရဲတတ်တယ်။
---ပန်းနီနီကိုမပန်လေနှင့်
အမယ်မှာနတ်ပန်းပွင့်တဲ့............
--အတင့်ငယ်မှရဲချင်
ပျော်လိုအားနှင့်၊ခေါင်းဖျားတင်မူ
အရင်လူနှင့်လွဲတတ်တယ်။
---မိဘဘိုးဘွား၊ဆိုစကားကို
နားမျှမဝင်၊ထီမထင်ပဲ
ကြို့ပင်ကြီးမြောက်၊ပိတောက်ပင့်တောင်
ညောင်ပင်ကြီးရင်း၊ကောက်စိုက်အပြန်
ထိန်ကန်တွင်းမှာ၊ လာရင်းမျက်မြင်
နေမလှန်းတဲ့ပန်းလွင်လွင်ကို
ရွှင်လိုမြူးလို၊ကစားလို
ပန်ဖူးတယ်။ ။
---အမယ်မင်း....ဖြစ်ရလေခြင်း
ယင်းမာရယ်ပေါ်၊တော်သလင်းနှင့်
မိုးတွင်းဝါဝင်၊ ဟိုဆောင်းဦးသို့မကူးခင်က
အရင်လူနှင့်ကွဲရတယ်ရှင်....
---အပျိုဖြူငယ်ကကျွမ်းပါတဲ့
လွမ်းတုံ့တင်လေး..................။
မြန်မာတွေရဲ့ရှေးအယူများ၊ သူငယ်ချင်းအချင်းချင်းချစ်ကြည်ရင်းနှီးတဲ့ခေါ်ဟန်လေးတွေ....ကိုချစ်စရာတွေ့ရပါတယ်။
လူကြီးမိဘစကားကိုနားမထောင်တဲ့...ကောက်စိုက်သမလေးရဲ့အဖြစ်ကိုလည်း
ပြုံးစရာ၊သနားစရာတွေ့ရပါတယ်..
ဘယ်စာအုပ်ထဲကကူးထားမိမှန်းမမှတ်မိတာနဲ့...
ရေးသူမသိတော့တာကိုတော့ခွင့်လွှတ်ပါ။
---ချစ်တဲ့သူငယ်လေ....
သူငယ်ချင်းရယ်ကောင်းသည့်..
ယောက်မတို့လေး....
---တိမ်ခိုးငယ်မှဝေဝေ၊နှောပင်ကြီးကြွေ
လေဗွေတိုက်လို့၊ ဝဲတတ်တယ်။
---ဥသျှစ်သီး၊မြေကြီးမှာမြှုပ်
ပြာဖုံးအုပ်လို့၊မီးဖုတ်လိုက်လျှင်
သီဖော်ရယ်မှသီးဖက်၊ အပင်ထက်မှာ
တက်တက်စင်၊မီးကင်သည့်နှယ်၊ကွဲတတ်တယ်။
---စနေဂြိုလ်စား၊ကြိမ်ခိုက်များမှာ
ချယားသစ်ပင်၊အိမ်လှေကားတွင်
စိုက်ထားလျှင်မူ၊အင်ခွင်ဥစ္စာနည်းတတ်တယ်။
---တံစက်ရေနှင့်တွင်းရေမတူ
ရေခမိုးရေချိုးသူ
ညှင်းဖြူပြိုးပျောက်၊စွဲတတ်တယ်။
---ပုဝါပြောက်၊အထောက်ကယ်မတန်
မျက်နှာသစ်လို့၊အညစ်ခံလျှင်
ဝက်ခြံမှည့်လို့မဲတတ်တယ်။
---သနပ်ခါး၊ကျောက်ပြားပေါ်တွင်
သောက်ရေအေးနှင့်၊ရောသွေးပါလျှင်
နံ့သာအပေါ်၊ကျဲတတ်တယ်။
---မိုးချုပ်ကယ်မှနေဝင်၊စဖိုထဲ
အမဲကင်မူ၊စုန်းမှင်နတ်တို့ရဲတတ်တယ်။
---ပန်းနီနီကိုမပန်လေနှင့်
အမယ်မှာနတ်ပန်းပွင့်တဲ့............
--အတင့်ငယ်မှရဲချင်
ပျော်လိုအားနှင့်၊ခေါင်းဖျားတင်မူ
အရင်လူနှင့်လွဲတတ်တယ်။
---မိဘဘိုးဘွား၊ဆိုစကားကို
နားမျှမဝင်၊ထီမထင်ပဲ
ကြို့ပင်ကြီးမြောက်၊ပိတောက်ပင့်တောင်
ညောင်ပင်ကြီးရင်း၊ကောက်စိုက်အပြန်
ထိန်ကန်တွင်းမှာ၊ လာရင်းမျက်မြင်
နေမလှန်းတဲ့ပန်းလွင်လွင်ကို
ရွှင်လိုမြူးလို၊ကစားလို
ပန်ဖူးတယ်။ ။
---အမယ်မင်း....ဖြစ်ရလေခြင်း
ယင်းမာရယ်ပေါ်၊တော်သလင်းနှင့်
မိုးတွင်းဝါဝင်၊ ဟိုဆောင်းဦးသို့မကူးခင်က
အရင်လူနှင့်ကွဲရတယ်ရှင်....
---အပျိုဖြူငယ်ကကျွမ်းပါတဲ့
လွမ်းတုံ့တင်လေး..................။
Sunday, February 15, 2009
အမွေပြတ်စွန့်လွှတ်ခြင်း...
နိုင်းနိုင်းစနေ ရဲ့ကဗျာလေးပါ..ကြိုက်လို့
အမွေပြတ်စွန့်လွှတ်ခြင်း
နှစ်ရှည်လကြာ သိမ်းထားသော
အမှတ်တရများကို
ယနေ့မှစ၍အမွေပြတ် စွန့်လွှတ်လိုက်သည်။
အမှတ်တရထဲတွင်
တီတီတာတာ ချစ်စကားများပါ၏။ချွဲချွဲနွဲ့နွဲ့ ရီမောသံများပါ၏။
အနမ်းခြယ်ထားသော ပါးနှစ်ဖက်ပါ၏။
ကာရံမညီသော ကဗျာများပါ၏။
ချစ်သူနှစ်ဦးဖြင့်ပြီးသော ညများပါ၏။
အကြင်နာနှင့်ပြည့်သော စိတ်ကူးအိမ်ငယ်လေးပါ၏။
အေးချမ်းသော ဆောင်းနံနက် နှင်းတောများပါ၏။
အားမာန်အပြည့်ဖြင့် တင်းတင်းဆုပ်ကိုင်သော လက်တစ်စုံပါ၏။
ထို့အပြင်
အမှတ်တရထဲတွင်
လှည့်ဖြားသော စကားလုံးများ
ရှိုက်ငိုသံများ၊ မျက်ရည်များ
အလွမ်းများ၊ အထီးကျန်မှုများ
ဒဏ်ရာနှင့်နာကျင်သော နှလုံးသားတစ်စုံပါ၏။
သွားလေရာ လာလေရာတနင့်တပိုးသယ်ယူရသော
လေးလံသည့် ထိုအမှတ်တရများကို
အပြီးတိုင် မေ့ပျောက်ချင်သောကြောင့်
ယနေ့မှစ၍အမွေပြတ် စွန့်လွှတ်လိုက်သည်။
ကဗျာမဟုတ်၊ စာမဟုတ်သော ဤကြော်ညာချက်အား စုံစမ်းမေးမြန်းခြင်း သည်းခံပါ။
နိုင်းနိုင်းစနေ
အမွေပြတ်စွန့်လွှတ်ခြင်း
နှစ်ရှည်လကြာ သိမ်းထားသော
အမှတ်တရများကို
ယနေ့မှစ၍အမွေပြတ် စွန့်လွှတ်လိုက်သည်။
အမှတ်တရထဲတွင်
တီတီတာတာ ချစ်စကားများပါ၏။ချွဲချွဲနွဲ့နွဲ့ ရီမောသံများပါ၏။
အနမ်းခြယ်ထားသော ပါးနှစ်ဖက်ပါ၏။
ကာရံမညီသော ကဗျာများပါ၏။
ချစ်သူနှစ်ဦးဖြင့်ပြီးသော ညများပါ၏။
အကြင်နာနှင့်ပြည့်သော စိတ်ကူးအိမ်ငယ်လေးပါ၏။
အေးချမ်းသော ဆောင်းနံနက် နှင်းတောများပါ၏။
အားမာန်အပြည့်ဖြင့် တင်းတင်းဆုပ်ကိုင်သော လက်တစ်စုံပါ၏။
ထို့အပြင်
အမှတ်တရထဲတွင်
လှည့်ဖြားသော စကားလုံးများ
ရှိုက်ငိုသံများ၊ မျက်ရည်များ
အလွမ်းများ၊ အထီးကျန်မှုများ
ဒဏ်ရာနှင့်နာကျင်သော နှလုံးသားတစ်စုံပါ၏။
သွားလေရာ လာလေရာတနင့်တပိုးသယ်ယူရသော
လေးလံသည့် ထိုအမှတ်တရများကို
အပြီးတိုင် မေ့ပျောက်ချင်သောကြောင့်
ယနေ့မှစ၍အမွေပြတ် စွန့်လွှတ်လိုက်သည်။
ကဗျာမဟုတ်၊ စာမဟုတ်သော ဤကြော်ညာချက်အား စုံစမ်းမေးမြန်းခြင်း သည်းခံပါ။
နိုင်းနိုင်းစနေ
Saturday, February 14, 2009
၁၄.၂.၂၀၀၉ ....
ညကလည်းအစောကြီးအိပ်တာ..ခု ၈း၃၀မှနိုးတယ်...စာတွေလည်းဟုတ်တိပတ်တိမလုပ်ဖြစ်သေးဘူး.
ကျွန်မယောင်နေတာလေ...
Blogger ပိုးလေးကလည်းဝင်ကောင်းတုန်းဆိုတော့ Computer ရှေ့ထိုင်ရင် Blog ပဲရေးချင်နေတော့တာ..:D
Monday ...Professor ကို report ပေးမယ်လို့ပြောထားတာလေ..
နေ့လည်..မျိုး..နဲ့အပြင်သွားပြီးရင်တော့စာစလုပ်တော့မှ...
ကျွန်မယောင်နေတာလေ...
Blogger ပိုးလေးကလည်းဝင်ကောင်းတုန်းဆိုတော့ Computer ရှေ့ထိုင်ရင် Blog ပဲရေးချင်နေတော့တာ..:D
Monday ...Professor ကို report ပေးမယ်လို့ပြောထားတာလေ..
နေ့လည်..မျိုး..နဲ့အပြင်သွားပြီးရင်တော့စာစလုပ်တော့မှ...
Friday, February 13, 2009
ကံ့ကော်ဦး
ကံ့ကော်ဦး
ကိုယ်တို့ပျော်မြူး
ကံ့ကော်ဦးမှာ
ဇာတ်လမ်းများစွာ
ရှိဖူးသည်....။ ။
ပျော်သူ....မော်သူ
ကြည်နူးသူ
ငိုသူ ကြွေသူ
လွမ်းဆွေးသူ.....
သူတို့ သူတို့
ဇာတ်လမ်းတွေပေါင်း
တို့ကျောင်းကြီးသည်
သာယာပျော်ရွှင်
လွမ်းမောဖွယ်...........။
၂၀၀၀ ပြည့်လယ်
စက်တင်ဘာဝယ်
ပျော်ဖွယ်လေကောင်း
တို့ကျောင်းကြီးနှင့်
ဝေးလေ အိမ်ပြန်ရတော့မည်။ ။
ကျောင်းနှင့်ဝေးသော်
ဘဝအမော
ပင်လယ်ကြောဝယ်
ခြေစုံလက်ပစ်
မျောတော့မည်.............။
ကံ့ကော်ဦးမှ
ပျော်ခဲ့ရက်များ
ကုန်လွန်သွားလျှင်
ဘယ်ခါတမ်းတ
ပြန်.........မရပြီ။ ။
13.08.99
10:00-11:00 Am
Animal science Lecture
Saya U Tin Wan
LT II
YAU
အဲဒီတုန်းက YAU ရွှေရတုမဂ္ဂဇင်း အတွက် ပို့လိုက်ပါသေးတယ်။
ပညာရှင်ရဲ့လက်ရာမွန်ဆိုတော့ ရွေးခံဖို့ဝေးလို့ ဘာသံမှ ပြန်မကြားရပါဘူး။
ကိုယ်တို့ပျော်မြူး
ကံ့ကော်ဦးမှာ
ဇာတ်လမ်းများစွာ
ရှိဖူးသည်....။ ။
ပျော်သူ....မော်သူ
ကြည်နူးသူ
ငိုသူ ကြွေသူ
လွမ်းဆွေးသူ.....
သူတို့ သူတို့
ဇာတ်လမ်းတွေပေါင်း
တို့ကျောင်းကြီးသည်
သာယာပျော်ရွှင်
လွမ်းမောဖွယ်...........။
၂၀၀၀ ပြည့်လယ်
စက်တင်ဘာဝယ်
ပျော်ဖွယ်လေကောင်း
တို့ကျောင်းကြီးနှင့်
ဝေးလေ အိမ်ပြန်ရတော့မည်။ ။
ကျောင်းနှင့်ဝေးသော်
ဘဝအမော
ပင်လယ်ကြောဝယ်
ခြေစုံလက်ပစ်
မျောတော့မည်.............။
ကံ့ကော်ဦးမှ
ပျော်ခဲ့ရက်များ
ကုန်လွန်သွားလျှင်
ဘယ်ခါတမ်းတ
ပြန်.........မရပြီ။ ။
13.08.99
10:00-11:00 Am
Animal science Lecture
Saya U Tin Wan
LT II
YAU
အဲဒီတုန်းက YAU ရွှေရတုမဂ္ဂဇင်း အတွက် ပို့လိုက်ပါသေးတယ်။
ပညာရှင်ရဲ့လက်ရာမွန်ဆိုတော့ ရွေးခံဖို့ဝေးလို့ ဘာသံမှ ပြန်မကြားရပါဘူး။
လျှပ်ပန်း
ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ကဗျာလေးပါ.....
“ တောင်သမန်အင်းမှာနှင်းဖြစ်ပါတော“့..စာအုပ်ထဲက...ကြာလှပြီ..(၂၄.၆.၉၈) ကတည်းကကူးထားတာ....ထုံးစံအတိုင်း ..ဒိုင်ယာရီအဟောင်းလေးထဲက...
လျှပ်ပန်း.....
မေ့မှာစိုးလို့
မြတ်နိုးတွယ်ငင်၊သံယောဇဉ်ဖွဲ့
မြင်ကြည့်လှည့်လေ၊သိစေချင်သည်....
ဝေးမှာစိုးလို့
နှောင်ကြိုးရစ်ပတ်၊ထပ်ထပ်သစ်ချည်
နားလည်ငဲ့ညှာ၊မခွါရက်ရဲမခွဲနဲ့နော်..ခေါ်လိုက်ချင်သည်...
လွမ်းမှာစိုးလို့..
မြတ်နိုးမိခြင်း၊ နှောင်ရစ်တင်းသည့်
ချစ်ခြင်းတစ်စ၊ သမုဒယအပူ
သူမှသူဆိုသည့် အစွဲ........
ရင်ထဲမြေ့ကျွမ်း....ကိုယ်ပဲလွမ်းမယ်
တမ်းတမြှိုက်ဆူ...ကိုယ်ပဲယူမယ်
သူ “မသိ” စေ..ရှိပါစေတော့
ကြာလေလေဝေး..ဝေးလေလေမေ့
မေ့လေလေပျောက်…အိပ်မက်လောက်သာ
ထင်ပါစေကွယ်၊ တကယ်ဆိုက
တစ်ဘဝ..တစ်လမ်း၊ ခဏလမ်းကြုံ
လျှပ်ပြက်ရုံမျှ……………ပုံပြင်လေးပဲမှတ်လိုက်နော်….။
“ တောင်သမန်အင်းမှာနှင်းဖြစ်ပါတော“့..စာအုပ်ထဲက...ကြာလှပြီ..(၂၄.၆.၉၈) ကတည်းကကူးထားတာ....ထုံးစံအတိုင်း ..ဒိုင်ယာရီအဟောင်းလေးထဲက...
လျှပ်ပန်း.....
မေ့မှာစိုးလို့
မြတ်နိုးတွယ်ငင်၊သံယောဇဉ်ဖွဲ့
မြင်ကြည့်လှည့်လေ၊သိစေချင်သည်....
ဝေးမှာစိုးလို့
နှောင်ကြိုးရစ်ပတ်၊ထပ်ထပ်သစ်ချည်
နားလည်ငဲ့ညှာ၊မခွါရက်ရဲမခွဲနဲ့နော်..ခေါ်လိုက်ချင်သည်...
လွမ်းမှာစိုးလို့..
မြတ်နိုးမိခြင်း၊ နှောင်ရစ်တင်းသည့်
ချစ်ခြင်းတစ်စ၊ သမုဒယအပူ
သူမှသူဆိုသည့် အစွဲ........
ရင်ထဲမြေ့ကျွမ်း....ကိုယ်ပဲလွမ်းမယ်
တမ်းတမြှိုက်ဆူ...ကိုယ်ပဲယူမယ်
သူ “မသိ” စေ..ရှိပါစေတော့
ကြာလေလေဝေး..ဝေးလေလေမေ့
မေ့လေလေပျောက်…အိပ်မက်လောက်သာ
ထင်ပါစေကွယ်၊ တကယ်ဆိုက
တစ်ဘဝ..တစ်လမ်း၊ ခဏလမ်းကြုံ
လျှပ်ပြက်ရုံမျှ……………ပုံပြင်လေးပဲမှတ်လိုက်နော်….။
အချစ်ဝိုင်..
သစ္စာတိုင်လျှက်
ဝိုင်တစက်လောက်သောက်မိတယ်။
မြည်းတယ်ဆိုရုံပါ..
နောက်တော့----မော့ပါက--များ
အသားအသွေး..တဖြည်းဖြည်းစိမ့်ဝင်
တပင်ချင်းနွယ်..အမြစ်တွယ်ခိုင်
သစ္စာဝိုင်ဟာ....မူးချာလည်လာ။
မဟူရာ (ဆေး-၁)
အာရောဂျံ (ဇွန်-၉၈)
အထီးကျန်လွင်ပြင်တစ်ခုအကြောင်း
လာမယ်ဆိုလာပါ...
တနေရာစာအမြဲရှိမယ်လို့..မင်းသိနှင့်တာပဲ။
ညာမယ်ဆိုညာပါ...
ဘာမဆိုနားလည်ပေးတတ်ဖို့..ဆုံးဖြတ်ခဲ့ပြီပဲ။
သွားမယ်ဆိုလည်းသွားပါ..
တားဆီးပိုင်ခွင့်မရှိသူလို့..ခံယူထားမှပဲ။
တစ်ချိန်ကတော့...
လေပြည်ကိုဆွတ်ခူးဖို့............
ရူးသွပ်ဖူးခဲ့တယ်..............။
http://www.ainmat.com/ ကကဗျာကလေးပါ။ ကြိုက်လို့.........
တောစပ်ကသာကြိုပါတော့.....................
အမေကမှာတယ်
ကားမစီးရဲလို့...သားကြီးပဲပြန်ခဲ့ပါတဲ့...
သဲချောင်းတလျှောက်...လှည်းမောင်းလို့ရောက်ရင်
တခေါက်လောက်တော့လာချင်သား...တဲ့
ထန်းမြစ်ကတစ်တွဲ ..နှစ်တွဲ
ပဲနီကတစ်ပြည်..နှစ်ပြည်..
ပုန်းရည်ကတစ်အိုး..နှစ်အိုး..
တန်ဖိုးမရှိပေမယ့်..ကိုယ့်ဇာတိ..ကိုယ့်အစာ..
အကဲမပါပေမယ့်..လှည်းလာရင်..တင်ခဲ့မတဲ့.
နေပါတော့အမေ...
ကားမစီးရဲတော့...သားကြီးပဲပြန်ခဲ့ပါ့မယ်....
နွားညီနောင်လှည်းတပ်လို့
တောစပ်ကသာကြိုပါတော့............။
မောင်လင်းကြည်
(03, Dec: စတိုင်သစ်)
ကဗျာတိုလေးတွေ
ဘယ်ကရမှန်းလဲမမှတ်မိတော့ဘူး...............
ဒိုင်ယာရီအဟောင်းလေးထဲကနေပြန်တွေ့တဲ့....ချစ်စရာကဗျာလေးတွေ......
ဘယ်သူမြင်.....ဘယ်သူသိမှာလဲ..
သူရှိတယ်......ကိုယ့်ရင်ထဲ...
အမြဲငြိတွယ်................။
အချစ်စစ်သမားမို့---အချစ်ပစ်သွားလို့
ငိုတော့ငိုဘူး--အချစ်ဦးရယ်
စိတ်ထဲကတော့ရူးချင်တယ်။
ဒိုင်ယာရီအဟောင်းလေးထဲကနေပြန်တွေ့တဲ့....ချစ်စရာကဗျာလေးတွေ......
ဘယ်သူမြင်.....ဘယ်သူသိမှာလဲ..
သူရှိတယ်......ကိုယ့်ရင်ထဲ...
အမြဲငြိတွယ်................။
အချစ်စစ်သမားမို့---အချစ်ပစ်သွားလို့
ငိုတော့ငိုဘူး--အချစ်ဦးရယ်
စိတ်ထဲကတော့ရူးချင်တယ်။
Subscribe to:
Posts (Atom)