Friday, February 13, 2009

တောစပ်ကသာကြိုပါတော့.....................



အမေကမှာတယ်


ကားမစီးရဲလို့...သားကြီးပဲပြန်ခဲ့ပါတဲ့...

သဲချောင်းတလျှောက်...လှည်းမောင်းလို့ရောက်ရင်

တခေါက်လောက်တော့လာချင်သား...တဲ့

ထန်းမြစ်ကတစ်တွဲ ..နှစ်တွဲ

ပဲနီကတစ်ပြည်..နှစ်ပြည်..

ပုန်းရည်ကတစ်အိုး..နှစ်အိုး..

တန်ဖိုးမရှိပေမယ့်..ကိုယ့်ဇာတိ..ကိုယ့်အစာ..

အကဲမပါပေမယ့်..လှည်းလာရင်..တင်ခဲ့မတဲ့.

နေပါတော့အမေ...

ကားမစီးရဲတော့...သားကြီးပဲပြန်ခဲ့ပါ့မယ်....

နွားညီနောင်လှည်းတပ်လို့

တောစပ်ကသာကြိုပါတော့............။

မောင်လင်းကြည်

(03, Dec: စတိုင်သစ်)

No comments:

Post a Comment