Saturday, February 21, 2009

ချစ်တဲ့သူငယ်လေ....

ချစ်တဲ့သူငယ်လေ....အစချီတဲ့အိုင်ချင်းလေးပါ......

မြန်မာတွေရဲ့ရှေးအယူများ၊ သူငယ်ချင်းအချင်းချင်းချစ်ကြည်ရင်းနှီးတဲ့ခေါ်ဟန်လေးတွေ....ကိုချစ်စရာတွေ့ရပါတယ်။
လူကြီးမိဘစကားကိုနားမထောင်တဲ့...ကောက်စိုက်သမလေးရဲ့အဖြစ်ကိုလည်း
ပြုံးစရာ၊သနားစရာတွေ့ရပါတယ်..

ဘယ်စာအုပ်ထဲကကူးထားမိမှန်းမမှတ်မိတာနဲ့...
ရေးသူမသိတော့တာကိုတော့ခွင့်လွှတ်ပါ။

---ချစ်တဲ့သူငယ်လေ....
သူငယ်ချင်းရယ်ကောင်းသည့်..
ယောက်မတို့လေး....
---တိမ်ခိုးငယ်မှဝေဝေ၊နှောပင်ကြီးကြွေ
လေဗွေတိုက်လို့၊ ဝဲတတ်တယ်။
---ဥသျှစ်သီး၊မြေကြီးမှာမြှုပ်
ပြာဖုံးအုပ်လို့၊မီးဖုတ်လိုက်လျှင်
သီဖော်ရယ်မှသီးဖက်၊ အပင်ထက်မှာ
တက်တက်စင်၊မီးကင်သည့်နှယ်၊ကွဲတတ်တယ်။
---စနေဂြိုလ်စား၊ကြိမ်ခိုက်များမှာ
ချယားသစ်ပင်၊အိမ်လှေကားတွင်
စိုက်ထားလျှင်မူ၊အင်ခွင်ဥစ္စာနည်းတတ်တယ်။
---တံစက်ရေနှင့်တွင်းရေမတူ
ရေခမိုးရေချိုးသူ
ညှင်းဖြူပြိုးပျောက်၊စွဲတတ်တယ်။
---ပုဝါပြောက်၊အထောက်ကယ်မတန်
မျက်နှာသစ်လို့၊အညစ်ခံလျှင်
ဝက်ခြံမှည့်လို့မဲတတ်တယ်။
---သနပ်ခါး၊ကျောက်ပြားပေါ်တွင်
သောက်ရေအေးနှင့်၊ရောသွေးပါလျှင်
နံ့သာအပေါ်၊ကျဲတတ်တယ်။
---မိုးချုပ်ကယ်မှနေဝင်၊စဖိုထဲ
အမဲကင်မူ၊စုန်းမှင်နတ်တို့ရဲတတ်တယ်။
---ပန်းနီနီကိုမပန်လေနှင့်
အမယ်မှာနတ်ပန်းပွင့်တဲ့............
--အတင့်ငယ်မှရဲချင်
ပျော်လိုအားနှင့်၊ခေါင်းဖျားတင်မူ
အရင်လူနှင့်လွဲတတ်တယ်။
---မိဘဘိုးဘွား၊ဆိုစကားကို
နားမျှမဝင်၊ထီမထင်ပဲ
ကြို့ပင်ကြီးမြောက်၊ပိတောက်ပင့်တောင်
ညောင်ပင်ကြီးရင်း၊ကောက်စိုက်အပြန်
ထိန်ကန်တွင်းမှာ၊ လာရင်းမျက်မြင်
နေမလှန်းတဲ့ပန်းလွင်လွင်ကို
ရွှင်လိုမြူးလို၊ကစားလို
ပန်ဖူးတယ်။ ။
---အမယ်မင်း....ဖြစ်ရလေခြင်း
ယင်းမာရယ်ပေါ်၊တော်သလင်းနှင့်
မိုးတွင်းဝါဝင်၊ ဟိုဆောင်းဦးသို့မကူးခင်က
အရင်လူနှင့်ကွဲရတယ်ရှင်....
---အပျိုဖြူငယ်ကကျွမ်းပါတဲ့
လွမ်းတုံ့တင်လေး..................။

No comments:

Post a Comment