Sunday, June 28, 2009

နာမည်.......

နောက်တပါတ်မှာ ရွှေပြည် မြန်မာကိုပြန်ရတော့မယ်။
ဒီတပါတ်ပဲ လုပ်စရာတွေအပြီးလုပ်ရမှာမို့ အလုပ်တော်တော်ရှုပ်ပါတယ်...
ဘလော့လဲမရေးဖြစ်တာကြာပြီ...စိတ်ကရှိပေမယ့် လူက မအားရပါဘူး။
ပို့စ် အသစ်မတင်နိုင်ပေမယ့်.....
နာမည်ကို မပြန်ခင်ပြောင်းသေးတယ်။
အထပ်ထပ် အသည်းအသန် စဉ်းစားပြီး အဆင်ပြေမယ်လို့ထင်မိတဲ့
“ငွေနှင်းစက်” ဖြစ်ရပြန်ပါပြီ..................

Thursday, June 25, 2009

ရပြီဗျိုးးးးးးးးးးးး

ဝေးးးးးးးးးးးးးးးး
ပြန်ရပြီဗျို့
ပျော်တယ်
ကျေးဇူးးးး

Wednesday, June 24, 2009

:(

I feel really sorry for could not being writing the new posts in Myanmar font...........
how can I solve it???

Thursday, June 18, 2009

Please help me....

I did something wrong!!!

I saw someone left a comment to Ma Khin Oo May on her blog to use the correct spelling.........
And I tried to follow his/her suggestion....:P

Unfortunately,,,,,,, after running this ........

Myanmar Fonts in some blogs show strange words that cannot be read in my computer....
AND
Also I cannot write my blog with Myanmar Font....:(

I really appreciate Ma KOM what she wrote on her next blog after getting that comment,
while I want to punish myself.

Now..............I don't know how to repair it..............

I hope you will understand the problem that I am facing....
So, if someone knows how to fix it.................
PLEASE help me.....
Thanking in advance!

Unplayed Piano





The "unplayed piano" in Paris Place de la Republica...............
14.6.2009

Saturday, June 6, 2009

မော်ဒန်ပုံပြင်

မော်ဒန်ပုံပြင်

ဆရာဝန်က အယ်ဒီတာ
စာရေးဆရာကဈေးရောင်း
ကဗျာဆရာတကုပ်ကုပ်ရယ်နှင့်
စာအုပ်ချုပ်ကာ
ဝမ်းစာလွေးပါလို့
စာရေးစာချီတွေက ပွဲစားလုပ်တဲ့ပြင်
ကျူရှင်ဆရာတွေက ကဗျာစပ်
ဖြတ်၊ ညှပ်၊ ကပ် တတ်ရင် ပန်းချီဖြစ်
ပန်းချီဆရာက သီချင်းဆို
အဆိုတော်တွေက ကြေငြာရိုက်
ဇာတ်လိုက်မင်းသမီးတွေက
ဝတ္တုရေး.....
ဝတ္တုရေးသူတွေက ဒါရိုက်တာလုပ်
အားလုံးက သရုပ်ဆောင်ချည်းဖြစ်နေတော့
စိတ်ညစ်စရာ ရုပ်ကောင်အမောတွေနဲ့
သဘောအဖုံဖုံ မညီမျှပါတဲ့
ဤလောက ဘုံဘဝ
ကြုံရပါကြောင်း .....။ ။

(မြေလတ်မောင်မြင့်သူ)

(မြေလတ်မောင်မြင့်သူ)
လွမ်းမပြေ

လွမ်းမပြေ၊ မန်းမြေတမိတော့
ကမ်းခြေမှာ စမ်းရေကျသနှင့်
ဖျန်းလေက တသုန်သုန် ။ ။
တဲတဖက်
ဆွဲဖျက်ကာ အလျှင်လိုရော့ထင့်
ကရင်အို ယာပြင်ကြီးမှာ
မီးထည့်လို့လှုံ။ ။
မပူပေါင်
နောက်ဆီကချမ်းရော့ထင့်
အဖြူစောင် ခေါက်ထည်ကြမ်းကိုလ
လွှမ်းတဲ့လို့ လွှားကာခြုံ
ပါးမှာငုံပါတဲ့ နုရွှေကွမ်း။ ။
ဆေးအိတ်ကိုလျှို
ဆေးလိပ်တိုနားမှာထိုးပါလို့
တောင်ရိုးမှာ ဘာသာပျော်ကြ
အမိုးခေါ် ဖိုးစော်ကဲတို့မှာ
ကွင်းအငူ နှင်းမြူမစဲခင်က
တဲဖျက်တဲ့လမ်း...................
(အမည်မသိရှေးစာဆို)

ကလီရှေးမောင်ဝဏ္ဏ(၁၅)
ဖတ်စရာဂျာနယ်
အမှတ်(၃၃)

Thursday, June 4, 2009

South Africa 3

နောက်နေ့မနက်လည်း ထုံးစံအတိုင်းပါပဲ........
၇ နာရီ ၁၀ မိနစ် အလိုမှာ ကိုရစ်ချက်ရောက်ပါတယ်။
ဒီနေ့တော့ တံခါးဖွင့်လို့ရတယ်။ PC က ဘက်ထရီဒေါင်းနေပြီ... အဆောင်က ပလပ်ပေါက်တွေက 3 pin triangle တွေဆိုတော့ ဘယ်နေရာမှာမှ charging လုပ်လို့မရပါဘူး....ဒါနဲ့ ဟိုတယ်ကို သယ်လာရပါတယ်...
ဟိုတယ်ရောက်တော့ Lab က တယောက်အခန်းကိုတံခါးသွားခေါက်ပါတယ်..သူက အိပ်ချင်မူးတူးနဲ့ထလာတယ်...အားနာလိုက်တာ ဒါပေမယ့် မတတ်နိုင်ဘူး....အကျိုးအကြောင်းပြောပြပြီး သူ့အခန်းမှာ အားသွင်းထားခဲ့ရတယ်.. သူကတော့ ငါပြန်နှပ်လိုက်ဦးမယ်...မနက်ပိုင်းလစ်တယ်တဲ့
ကိုယ်တို့တော့ မနက်စာစား..Conference Room ထဲဝင် မှတ်လိုက် ငေးလိုက်ပေါ့လေ...
အချိန်တန်တော့ tea break

ပြီးတော့ Lunch ပေါ့...
အဲဒီနေ့ Program က မိုးချုပ်ပါတယ်....ပြီးတော့ cocktail party နဲ့ informal barbecue

cocktail party ...

ထုံးစံအတိုင်းပဲ ၁၀း၃၀-၁၁ မှ ပြန်ရပါတယ် ..ဆရာသမား၊ lab က တယောက် နဲ့ Uk က Rosane (သူက ခင်ဖို့ကောင်းတယ်) တို့က အားပေးပါတယ်။ "Sleep well, Don't worry...You have to convince them.." တဲ့ မနက် ကိုယ့် presentation လေ ..
PC လေးပြန်ယူလာပြီး ဟိုယောင်ဒီယောင်...အကြာကြီးလည်းမနေနိုင်ပါဘူး..၁၂ နာရီလောက်အိပ်။ မနက်တော့ ၅း၃၀ ထ ပြင်ဆင်ပြီး အပြီးသတ်လေ့ကျင့်ရပါတယ်...
မနက်ပိုင်း session မနက် ၉း၀၀ နာရီမှာ...စင်ပေါ်ရောက်တော့လည်းရဲသွားတာပါပဲ...
ကံကောင်းထောက်မစွာ Danniel (UK) ဆီကမေးခွန်း တစ်ခုပဲမေးခံထိပါတယ်။ ဖြေနိုင်တယ်...
on the Elephant ...ပေါ့လေ

ဆရာသမားပါ (ရှပ် အဝါနဲ့) အမှန်မှာ သူက အဲဒီ့အချိန် အခြား တစ်ခုမှာ Chairperson ။ အဲဒါကို သူများ လူစားထိုးပြီးလာအားပေးရှာတယ်..Thanks Prof.!
Rosane (UK) & Annemie (from the lab) သူတို့ကျေနပ်တယ်တဲ့။ အား.....တော်သေးတယ်...နို့မို့ ရှက်စရာ... ကိုယ့်အလှည့်ပြီးပြီဆိုတော့ တော်တော်ပေါ့သွားပါတယ်...နေ့လည်ကျတော့ Russia ကတယောက်နဲ့ အပြင်ထွက်ပါတယ်...
ကားတွေက ဘယ်ကပ်မောင်းတွေ မို့ မျက်စိထဲမှာပြောင်းပြန်ကြီး

African Leather

သူတို့ဆီမှာ ဘတ်စ်ကားမရှိပါဘူး...ပြီးတော့လမ်းတွေက ကုန်းအဆင်းအတက်တွေပါ.....ဆင်းလိုက်တက်လိုက်ပဲ
လမ်းမှာတွေ့ရင် လူတွေက လမ်းလျှောက်သွားနေတာပဲတွေ့တယ်။ ဒါတွေကြောင့်များ အမဲမ တွေ လှနေတာလားလို့ ဆက်စပ် စဉ်းစားမိပါတယ်။ ပြန်ရောက်တော့မျိုးကိုပြောပြမိတယ်...သူကလည်းဖြစ်နိုင်ချေရှိတယ်လို့ပြောပါတယ်...


African Silk

ဲ့ မြင်းကျားအရေခွံ တဲ့ မိကျောင်းဥတဲ့
အပြင်က ပြန်လာမှJeannie (Program organizer) ကိုအတင်းလိုက်ရှာပြီး registration fee ပေးရပါတယ်။ ရောက်တဲ့နေ့ကပေးတာ သူက အလုပ်တွေရှုပ်နေလို့နောက်မှပေးပြောပါတယ်...အခုတော့ သူက နင်ပြောလို့တဲ့ ငါ့စာရင်းထဲမှာကပေးပြီးသားလို့မှတ်ထားတာဆိုပဲ... ။ သူကသာပေးပြီးပြီလို့မှတ်ထားတာ...ကိုယ်ကတော့ အစားတခါစားတိုင်း ငါပိုက်ဆံလည်းမပေးရသေးပဲစားနေတာဆိုပြီး ကိုယ့်ဘာသာမလုံဖြစ်နေတာ သူမှမသိတာ။

ညကျတော့ Gala Dinner
ကိုယ်တို့ဝိုင်း ထောင့်မှာ performance လုပ်နေတဲ့ Choir အဖွဲ့ရှိပါတယ်။ ကလေးတွေပါ...
နားထောင်လို့ကောင်းပါတယ်..ဘာတွေဆိုမှန်းတော့နားမလည်ဘူးပေါ့လေ...
(အမှောင်ထဲမှာ မဲမဲတွေဖြစ်နေတာတောင်းပန်ပါတယ် ..သူတို့က အင်္ကျီအဖြူဝတ်ထားတာဆိုတော့ သေချာကြည့်ပါ...မြင်မှာပါ)

Jazz Band .သူလည်းကောင်းတာပါပဲ။
ည အဆောင်ပြန်ကြပြီးတော့ ကိုရစ်ချက်ကို မနက်ဖြန် ၈နာရီမှ လာကြိုဖို့ပြောလိုက်ကြပါတယ်။ အားလုံးကနေ့တိုင်း အစောကြီးထရတော့ ပင်ပန်းလှပြီ။
မနက်ကျတော့ Russia ကတယောက်က Johannesburg ကို ကားနဲ့ပြန်မှာ။ ဆိုတော့ သူက အစောကြီးထွက်ပါတယ်...Stellenbosh Uni ကလူတွေကတော့ ၁၀း၃၀ လေယာဉ်ဆိုတော့ မနက်စာစားရင်းတခါထဲ အထုပ်ဆွဲထွက်ကြတယ်။ ကိုယ်ကတော့ ညနေမှပါ။ ဝီရိယကောင်းသူပီပီ အထုပ် ပြန်မသိမ်းရသေးဘူး။ ဒါကြောင့် ရစ်ချက်ကို ပြောရတယ်။ ငါ မနက်စာစားပြီးရင် ဒီမှာပဲပြန်နားချင်တယ်။နေ့လည်မှ လာကြိုပေးပါဆိုတော့ ရတယ်တဲ့ ...ပြန်လာပြီးတအောင့်အိပ်။ ပြင်ဆင်ပြီးစောင့်နေတယ်။ နေ့လည် ၂နာရီထိုးတော့ ကားလာပြန်ကြိုပါတယ်။
Casa do Sol က Prof. Kerry, Rosane တို့ကိုဝင်ကြိုပြီး လေဆိပ်ဆင်းခဲ့ကြပါတယ်။ သူတို့နဲ့က (Nelspruit- Johannesberg )flight အတူတူပါ။ အပြန်တော့ Richard နဲ့အတူ Susie ပါလိုက်ပို့တယ်။
Johannesberg ကလာတဲ့လေယာဉ် နောက်ကျနေတာနဲ့ flight delay ဖြစ်ပါတယ်။

Nelspruit လေဆိပ်
Johannesburg ရောက်တော့ နောက်ဖလိုက်ပြောင်းဖို့ အမြန်ပြေးရပါတယ်။ check-in ကပြန်ဝင်ရဦးမှာ ...အပြန် Johannesberg က Paris ပြန်တဲ့ လေယာဉ်မှာ Russia ကတယောက်ရော ပါပါတယ်။ ဒါပေမယ့် ခုံချင်းတော့ ကပ်ရပ်မရဘူး။
ပါရီကမှ ရထားပြန်ပြောင်းပြီး ...Brussels ..ရောက်တော့ အောက်ဆင်းပြီးလက်မှတ်ဝယ်မလို့ လုပ်နေတုန်း ဟိုဘက်ပလက်ဖောင်းလှမ်းကြည့်လိုက်တော့ Leuven တဲ့ ရထားကလည်းဝင်လာနေပြီ။ နောက်တစီးမစောင့်ချင်တော့တာနဲ့ ဒီရထားပဲတက်စီးပြီး ရထားပေါ်ရောက်မှ လက်မှတ်စစ်ဆီက လက်မှတ်ဝယ်ရပါတယ်။ ၁၀နာရီ ကျော်ကျော်လောက်ပြန်ရောက်ပါတယ်။။။။
ပင်ပန်းလိုက်တာ.......... ပြန်ရောက်တော့ အိပ်လို့ ကိုမဝနိုင်ဘူး.....
(အဲဒီတုန်းက Air France နဲ့ပဲ အသွားအပြန်။ တကယ်ပါ...Air France အဲလိုပျက်ကျတယ်ကြားတော့ တော်တော်ကြောက်သွားတယ်..)



ကိုယ်တို့ရဲ့ အချစ်တော်တွေ


မြင်တာတွေ့တာ လျှောက်ရိုက်လာတာ


ကိုယ်တည်းခဲ့တဲ့အဆောင် “Ann d' Vilet" တဲ့

နာမည် (NAME)

နာမည်ပြောင်းလိုက်ပြန်ပြီ....
ဘလော့စလုပ်တော့ အရင်ကသုံးဖူးတဲ့နာမည် “ငွေနှင်းညီ” ပဲထားတာ...
နောက်တော့ သိပ်မကြိုက်ဘူး...နာမည် တခုခုပေးဦးမှဆိုပြီး...
စဉ်းစားလိုက်တာ..
ကိုယ့်အကြောင်းတွေကိုယ်ရေးမှာဆိုတော့
“ကိုယ့်ကိုကိုယ်ဖော်...မသူတော်” ဆိုတဲ့စကားပုံလေးအမှတ်ရတယ်
ပြီးတော့ မသူတော် (၇)ပါး ရှိတယ်လို့ဆိုထားပြန်တော့
“ငွေနှင်းညီ သို့မဟုတ် ၈ ယောက်မြောက် မသူတော်”
လို့ပေးဖြစ်ပါတယ်......
ဒါပေမယ့် ကိုယ့်ဘာသာ ဘဝင်သိပ်မကျပါဘူး
မသူတော်ဆိုတော့ လူတွေက ဘယ်လိုများထင်သွားမလဲဆိုပြီး
နောက်ပြီး ဘလော့တခုက ကွန်မန့်ထဲမှာ “မသူတော်”ဆိုပြီးဝင်မန့်ထားတာတွေ့လိုက်တော့
အော် “မသူတော်”ဆိုတာရှိပြီးသားဆိုပြီး ပြန်ဖြုတ်ပါတယ်.....

ဒီနေ့မနက် ရောဂါထပ်တက်ပါတယ်.......နာမည်လှလှပေးချင်တဲ့ရောဂါပါ...
အဲဒါနဲ့ အသည်းအသန် စဉ်းစား.....
ဆောင်းဦးလှိုင်သီချင်းခေါင်းထဲရောက်လာပါတယ်...
“....ဆင်စွယ်နန်းအိမ်....ကျူထရံကာဓနိမိုးအိမ်...” ဆိုတဲ့သီချင်းပါ..အဲဒါနဲ့
“ငွေနှင်းညီ ရဲ့အိမ်”.... မကြိုက်ပါဘူး

ထပ်စဉ်းစား..စဉ်းစား....“စိတ်ပြတင်း”
ကောင်းတယ်....စိတ်ထဲရှိတာတွေရေးမှာဆိုတော့လေ...
“ငွေနှင်းညီ ရဲ့ စိတ်ပြတင်း” ဆိုပြီးပေးပါတယ်....
ပြီးဘလော့မှာ ပြန်ကြည့်တော့ စာလုံးပေါင်းကဟုတ်ရဲ့လား...
“စိတ်ပြူတင်း” များလား ...မသေချာ...ဇဝေဇဝါပါ....
“ငွေနှင်းညီ ရဲ့ စိတ်ပြူတင်း” ဆိုပေးကြည့်လိုက်တယ်
(စိတ်ပြူတင်း...ဆိုတော့ ကိုယ့်ဘာသာတမျိုးကြီးပဲ)
ဆိတ် ကောင်လုံးကြီး မျက်စိထဲဝင်ဝင်လာတယ်....ဒါနဲ့
“ငွေနှင်းညီ ရဲ့ စိတ်ပြူတင်းပေါက်” ဆိုပြီးလုပ်လိုက်ပါသေးတယ်
ပိုများဆိုးသွားသလားထင်ပါတယ်.... မကြိုက်သေးပါ

အသည်းအသန်...ထပ်..စဉ်းစားပါတယ်......
နောက်တော့ “စံပျော်ရာ” ဆိုတာလေးခေါင်းထဲရောက်လာတယ်...
ဆိုတော့ကာ “ငွေနှင်းညီ ရဲ့ စံပျော်ရာ”
မဆိုးဘူး...ကောင်းတယ်...ကြိုက်တယ်

သို့မို့ကြောင့် အခုတော့ “ငွေနှင်းညီ ရဲ့ စံပျော်ရာ” ဖြစ်လာပါတယ်....

အမှန်တော့ ငွေနှင်းညီ ဆိုတာကိုက ဘလော့နာမည်ပါ
ကိုယ်က ကို ကွန့်ချင်နေတာ...

ရောမမြို့ကြီးအကြွေးမရောင်းပါ...

ရောမကိုရောက်ခဲ့တယ်.....
လျှောက်လည်ရတဲ့နေရာတွေကိုမပျော်နိုင်ဘူး.....ရင်ခံပြီးပြန်လာရတယ်
ပုဂံတို့၊ မန္တလေးနန်းတွင်းတို့၊ ကမ္မောဇသာဒီ တို့ကိုသတိရလို့..........


ရှေးတုန်းက ဒီလိုရေးကြမှတ်ကြတယ်

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) ရုံးချုပ်


Tivoli က Villa d'Este ရေပန်း ပန်းခြံ။ ရေပန်းပေါင်းရာချီပြီးရှိတယ်ပြောတယ်...
ရေတော့မကြည့်ခဲ့ဘူး...ဟုတ်မှာပါ.. ဘယ်ဘက်ကပုံမှာတင် ၉၉ ခု မက ရှိလောက်တယ် ..


Republicca ရင်ပြင်






Colosseum နဲ့ ရှေးမြို့ဟောင်းအပျက်အစီးတွေ



Spanish steps မှာတော့ကြိတ်ကြိတ်တိုး................သူလေးကတော့တယောက်ထဲ ဒါပေမယ့် ခပ်တည်တည်ပါပဲ


ဗာတီကန်စီတီး (Vatican City)



ပုပ်ရဟန်းမင်းကြီးတွေရဲ့စီးတော်ယာဉ် (ခုတော့တိုယိုတာလင်ခရုဆာစီးပါတယ်တဲ့)



မိုက်ကယ်အိန်ဂျလိုရဲ့လက်ရာတွေ (3D တွေပါ..သူ့အနုပညာကိုအရမ်းလေးစားသွားတယ်)


ဧဝကစခဲ့တာဆိုပဲ (ကိုယ်က အာဒမ်ကစတာမှတ်နေတာ....အင်းဟိုးကတည်းက မိန်းကလေးကစလာတာပဲ...)

အပြန်တော့ French Alps ရေခဲဖုံးတောင်တန်းတွေပေါ်ကဖြတ်ပြန်ခဲ့တယ်

Air france လေယာဉ် အတ္တလန်တိတ်သမုဒ္ဒရာထဲ ပျက်ကျတဲ့သတင်းကြားထားတော့
ပင်လယ်ကြီးပေါ်ကလေယာဉ်ဖြတ်နေတုန်းလန့်နေတာ အောက်မှာသဘောင်္တွေသွားနေတာတွေ့ရတယ်
ခုအချိန်လေယာဉ်ပျက်ကျလို့ကတော့ ....
အောက်ရောက်ရင်ငါရေကူးနိုင်ပါ့ဦးမလားတွေးမိသေးတယ်
ဘာပဲပြောပြောသေရမှာကိုတော့ လန့်တတ်သားပဲဆိုတာ ကိုယ့်ကိုယ်ကို သိလိုက်တယ်