ဒီရက်ပိုင်းအတွင်း ဘာမှန်းမသိတာတွေနဲ့
စိတ်ရှုပ်နေမိတယ်............
လူက ပုံမှန် စားစား သွားသွား ရေးရေး ပြောပြော
လုပ်နေပေမယ့်
စိတ်ထဲမှာဟင်းလင်းပဲ
ကိုယ် တယောက်ထဲနဲ့လုပ်လို့ရတဲ့ အလုပ်တွေမှမဟုတ်တာ
စိတ်အပင်ပန်းမခံနဲ့
စိတ်လျှော့ထားပါလို့ အားပေးတဲ့သူက အားပေးတယ်....။
ဒါပေမယ့်လည်း
ကိုယ့်မှာက လုပ်ချင်တာတွေများပြီး
ဘာကိုမှအကောင်ထည်ဖော်လို့မရသေးတဲ့အခါ
အားမလို အားမရဖြစ်ရတာရော
ကိုယ်တိုင်လည်း တတ်နိုင်သလောက်
အစွမ်းကုန် ကိုယ့်ဘက်ကတာဝန်ကျေပြီးသားမို့
ဒီ့ထက်ပိုပြီး ဘာမှ မလုပ်နိုင် တာကို သိထားလည်း
စိတ်ထဲမှာတော့ ကျေနပ် နေပျော်မနေဘူး
ခက်တာပဲ..............။
စိတ်က အလိုမကျတော့
ဘယ်သူနဲ့မှလည်းသိပ်ပြီးစကားမပြောချင်ဘူး
ကိုယ်ကပေါက်ကွဲပစ်လိုက်ချင်တာ
တရားချတဲ့သူနဲ့ တိုးနေတော့
ရန်လည်းဖြစ်လို့မရ
သိပ်ခက်တယ်.........။