သြဂုတ်လထဲမှာ ကိစ္စတစ်ခုရှိပြန်တာမို့ ဗီယက်နမ်ကို တပါတ်လောက်သွားရပါမယ်။ သို့ပါသော်လည်း ဇာတာမှာပါရှိလေတဲ့အတိုင်းခရီးတခုသွားခါနီးပြီဆို အထစ်အငေါ့ ဖြစ်နေကျမို့ ဒီတခေါက်ခရီးထွက်ရာမှာလည်းထုံးစံအတိုင်း သွားရမလို မသွားရမလိုဖြစ်နေတာ မသွားခင် တနေ့အထိ မှန်းလို့မရသေးပါဘူး…နောက်တော့လည်း နောက်ဖြစ်တာနောက်မှ ကြည့်ရှင်းတာပေါ့ သွားမယ်ကွာလို့ ဇွတ်ချလိုက်ရပါတော့တယ်။ ဘာမှန်းမသေချာတာမို့ ဘာမှမပြင်ဆင်ထားခဲ့လေတော့ မနက် ၆ နာရီ လေဆိပ်သွားရမှာ ည ၉ နာရီ စိန်ဂေဟာ စူပါမတ်ပိတ်ချိန်အထိဈေးဝယ်မပြီးပါဘူး.. အိမ်ရောက်တော့မှ ကမန်းကတန်း အဝတ်တွေကောက်ထည့် ယူစရာတွေမမေ့အောင် ထပ်ခါထပ်ခါ ပြန်စစ်ပြီး ၁၅ရက်နေ့ မနက်လေဆိပ်ဆင်းလာခဲ့တော့တယ်…
လေဆိပ်ရောက်တော့ ခန်းမထဲအဝင်လိုက် ပို့တဲ့အမ ကို အပေါက်မှာ တာဝန်ကျတဲ့သူက မဝင်ရဘူး ဘာညာပြောပါတယ်။ ပိုက်ဆံလိုချင်လို့ပြောမှန်းသိပေမယ့် ကိုယ်လည်းမပေးကိုမပေးချင်တာနဲ့ ပါလာတဲ့စာတွေ ဟိုလှန်ဒီလှန်လုပ်ပြီး သူတို့မြင်စေချင်တဲ့ documentတချို့ကို အလိမ္မာ နဲ့ပြရတယ်။ အကျိုးရှိပါတယ်။ မြင်သွားဟန်တူပြီး သွားပါ သွားပါလို့ပြောပါတယ်။ နောက် check-in ဝင်တော့ ကောင်တာနားက လေကြောင်းလိုင်း တာဝန်ကျ နေတဲ့တယောက်က ကိုယ်တို့ အထုပ်တွေ ပေါ်တင်ပေးပြီး ပြန်ထွက်မယ်အလုပ် လက်ဘက်ရည်ဖိုးလေးတဲ့။ ကိုယ်နဲ့ အတူသွားမယ့် အမ အမျိုးသားက လေဆိပ်မှာပဲတာဝန်ကျတာမို့ သူက နောက်တွေ့တာပေါ့ ပြောပြီိးထွက်ခဲ့ကြပါတယ်။ ကိုယ်တော့ တော်တော် အံ့သြသွားတယ်။ သူလုပ်ရမယ့်အလုပ်မို့ လုပ်ပေးတာအတွက် လဘက်ရည်ဖိုးတောင်းတာကိုလေ။အပေါ်ရောက်တော့ immigration counter မှာ ကိုယ့်အတွက် MOFAက ထုတ်ပေးတဲ့စာမပါလို့ဆိုပြီး နည်းနည်း အကျပ်ခံရသော်လည်း ပြန်ဖြေရာမှာ မှင်ကောင်းလွန်းတာကြောင့် နောက်တခါဆို ယူခဲ့ပါလို့ဆိုပြီး လွှတ်လိုက်ပါတယ်။ (တကယ်တော့ ဘာစာတောင်းမှန်းလဲမသိ..)
အားလုံးရဲ့ကျေးဇူးကြောင့် နောက်ဆုံးတော့ “ဆာဝါဒီခ” လို့ တွင်တွင်နှုတ်ဆက်တဲ့ ထိုင်းမလေးတွေ ရဲ့ Air Asia ပေါ်ရောက်ခဲ့ပါတော့တယ်…သူတို့ခမျာလည်း လေယာဉ်ချိန် ၁နာရီခွဲအတွင်း ကိုယ်တို့ကိုနေရာချပေးရ..စားစရာတွေရောင်းရ..souvenirတွေရောင်းရနဲ့ မအားရရှာ ပါဘူး.ဒီလိုနဲ့ ခမ်းနားလှတဲ့ SUVARNABHUMI လေဆိပ် ကို၁၁နာရီလောက်ရောက်ပါတယ်။ immigration ဝင် အိတ်တွေပြန်ထုတ် နဲ့ ၁၁ နာရီလောက် မှ အေးအေးဆေးဆေးဖြစ်ပါတော့တယ်။ နောက်တော့ အတူသွားတဲ့ အမ နဲ့ ရောက်တတ်ရာရာပြောလိုက်၊ ဟိုလျှောက်ဒီလျှောက်လုပ်လိုက်နဲ့ နောက် စီးရမယ့်လေယာဉ်ကို ပျင်းလောက်အောင်စောင့်ရ ပါတော့တယ်..သို့ပါသော်လည်း တနေ့လုံးပျင်းရိစွာနဲ့ ကိုယ်တို့စောင့်နေရမှန်းကို မသိရှာတဲ့ လေယာဉ်က delayed ပါတဲ့။ ဆက်စောင့် ပါလေဦး ပေါ့လေ…
ဟနွိုင်းမှာလာကြိုနေမယ့်သူငယ်ချင်းကိုထိုင်းရောက်နေပြီဖြစ်ကြောင်းမေးလ်ပို့ထားတော့ မလာဖြစ်ဘူးထင်ပြီး သူပြန်သွားမှာကို သိပ်တော့စိတ်မပူပေမယ့် သူစောင့်နေရတာကြာတဲ့ အတွက်အားနာ ပါတယ်။ မလာခင်ကလည်း မေးလ်တွေပို့ပြီး ထပ်ခါထပ်ခါ နှိပ်စက်ပြီးသားလေ။ ဟနွိုင်းရောက်တော့ အိတ်ရွေးဖို့စောင့်နေတုန်း သူငယ်ချင်းကို ကိုယ်တို့ပါလာမှန်းသိအောင် ကိုယ်ယောင်သွားပြထားမယ်ဆိုပြီး ထွက်လာတော့ ကိုယ်တို့ကို လာကြိုနေတဲ့သူငယ်ချင်းကို ဆရာသမားနဲ့ အတူတွေ့လိုက်ရပါတယ်။ သူခိုင်းထားတဲ့ အလုပ်တွေမပြီးသေးတာကြောင့် မတွေ့ချင်ပါဘူး ဆိုတာကို ရောက်ရောက်ချင်းတွေ့လိုက်ရတော့ စိတ်လည်းညစ် ကိုယ့်ဘာသာ ရီလည်းရီချင် ဖြစ်ရပါတယ်။ ကိုယ်တို့ အပြင်ရောက်တော့ taxi ငှားပြီး တည်းရမယ့် ဟိုတယ်တွေဆီ ထွက်ခဲ့ပါတယ်။ ဟနွိုင်းကို ကျွမ်းလှတဲ့ဆရာသမားက နောက်နေ့ တနင်္ဂနွေမှာ မြို့ထဲတပတ် လျှောက်ပြမယ်လို့ ဆိုပါတယ်။ ပြီး ညနေ သူ့ကိုကိုယ်တို့ပြင်လာတဲ့ စာတွေပြရမယ်တဲ့။ အဲဒါမှ ဒုက©။ ကိုယ့်စာတွေက လက်စမသတ်ရသေးဘူး။ အတူလာတဲ့ အမနဲ့ ဟနွိုင်းက သူငယ်ချင်းက စ စချင်းနေ့ …တော်သေးတယ်..ကိုယ့်အလှည့် က ဒုတိယနေ့မှ။ ကိုယ်တို့တည်းရမယ့် ဟိုတယ်ရောက်တော့ ချပေးပြီး နောက်နေ့မနက် ၁၀ နာရီတွေ့ကြမယ်လို့ ချိန်းသွားပါတယ်။ ပိုက်ဆံက မလဲရသေးတော့ သူငယ်ချင်းကို ကိုယ်တို့ ကို ပိုက်ဆံနည်းနည်းလောက်ချေးထားခဲ့ပါဆိုပြီး ဗီယက်နမ် ပိုက်ဆံ ၂၀၀၀၀၀ ချေးထားလိုက်ပါတယ်။
အထုပ်တွေချ၊ ပြီးတော့ အောက်ခဏပြန်ဆင်းတော့ ကိုယ်တို့ MSc တက်တုန်းက သူငယ်ချင်းနဲ့တွေ့ပါတယ်။ သူက ရုရှကလာမယ့်ဧည့်သည်တွေကို သွားကြိုရမှာတဲ့။ ကိုယ်တို့ကို ဘယ်သွားမလဲမေးလို့ ကိုယ်က ကော်ဖီသောက်ချင်တယ် ပြောတော့ ဟိုတယ်နားကအပြင်ဆိုင်မှာ လိုက်ဝယ်ပေး ပါတယ်။ နောက် ၂ယောက်သား ညလည်စာဟိုတယ်ရှေ့က ခေါက်ဆွဲပြုတ်ဝယ်သောက် (တပွဲ ၂၀၀၀၀ပါ) ၊ ပြီးတော့တညလုံးနီးပါး အသည်းအသန် စာတွေပြန်ပြင်၊ လိုတာတွေထပ်ဖြည့် လုပ်ရပါတယ်။ နောက်နေ့ ၉နာရီလောက် ရောက်တော့ အခန်းထဲက ဖုန်းလာပါတယ်။ ဆရာသမားပါ။ သူသိပ်နေမကောင်းတာကြောင့် ချိန်းထားတဲ့ ၁၀ နာရီအစား ၁၂ နာရီ ပြန်ရွှေ့လိုက်ပါတယ်။ သူက ရရဲ့လားတဲ့။ ဘယ့်နှယ်မေးပါလိမ့်။ ဒီကလူတွေက ဖြစ်နိုင်ရင် ညနေထိရွှေ့စေချင်နေတာကိုမသိရှာဘူး။ ရပါတယ် ရပါတယ် တွင်တွင်ပြောပြီး ဆက်လက် ပြင်ဆင်ဖြည့်စွက်ကြလေသတည်းပေါ့လေ….
၂ ယောက်သား ၁၁ နာရီ ၁၅ မိနစ် လောက် ဟိုတယ်က ထွက်ခဲ့ကြပါတယ်။ လမ်းမှာဟိုမေး ဒီမေးနဲ့ ၁၂ နာရီလောက် သူတည်းတဲ့ ဟိုတယ်ကိုရောက်ပါတယ်။ ဆရာနဲ့တွေ့တော့ နောက် ဆရာမ ၂ ယောက်ပါရောက်နေပြီ၊ သူတို့လည်းလိုက်လိမ့်မယ်၊ အတူတူသွားကြမယ်လို့ဆိုပါတယ်။ ၅ ယောက်သား ပေါင်းပြီး မြို့ထဲထွက်ခဲ့ကြပါတယ်။ ဆရာသမား က ပန်းချီ gallery တွေတခုပြီးတခုဝင်ကြည့်၊ နောက်ဆုံးဝင်တဲ့ ဆိုင်မှာ အကြိုက်တွေတွေ့ကြပြီးတော့ ဆရာမ တယောက်က ၂၀၀၀$ တန် တကား (သူ့ဘဝမှာ ဒီတခါ ဝယ်တဲ့ကားက ဈေးအကြီးဆုံးလို့ဆိုပါတယ်) ဆရာက ၃၂၀၀$ တန်တကားဝယ်ကြပါတယ်။ ပန်းချီကားတွေ ဈေးကောင်းလွန်းတော့ ကိုယ်တို့တောင် လိုင်းပြောင်းဖို့စဉ်းစားမိကြသေးတယ်......
၂ ယောက်သား ၁၁ နာရီ ၁၅ မိနစ် လောက် ဟိုတယ်က ထွက်ခဲ့ကြပါတယ်။ လမ်းမှာဟိုမေး ဒီမေးနဲ့ ၁၂ နာရီလောက် သူတည်းတဲ့ ဟိုတယ်ကိုရောက်ပါတယ်။ ဆရာနဲ့တွေ့တော့ နောက် ဆရာမ ၂ ယောက်ပါရောက်နေပြီ၊ သူတို့လည်းလိုက်လိမ့်မယ်၊ အတူတူသွားကြမယ်လို့ဆိုပါတယ်။ ၅ ယောက်သား ပေါင်းပြီး မြို့ထဲထွက်ခဲ့ကြပါတယ်။ ဆရာသမား က ပန်းချီ gallery တွေတခုပြီးတခုဝင်ကြည့်၊ နောက်ဆုံးဝင်တဲ့ ဆိုင်မှာ အကြိုက်တွေတွေ့ကြပြီးတော့ ဆရာမ တယောက်က ၂၀၀၀$ တန် တကား (သူ့ဘဝမှာ ဒီတခါ ဝယ်တဲ့ကားက ဈေးအကြီးဆုံးလို့ဆိုပါတယ်) ဆရာက ၃၂၀၀$ တန်တကားဝယ်ကြပါတယ်။ ပန်းချီကားတွေ ဈေးကောင်းလွန်းတော့ ကိုယ်တို့တောင် လိုင်းပြောင်းဖို့စဉ်းစားမိကြသေးတယ်......
နောက်တော့ ကန်ကြီးဘေးနားမှာရှိတဲ့ စားသောက်ဆိုင်ကိုဝင်ပြီး နေ့လည်စာစားကြပါတယ်။ အင်း….နေ့လည်စာ စစားကြတော့ ဆရာသမားက နင်တို့ပိုက်ဆံရှိလားတဲ့၊ ရှိပါတယ်..မနေ့ကချေးထားတာ ၂၀၀၀၀၀ ရှိတယ်လို့. ခပ်တည်တည်ပေါ့။ မှာပြီးစားလိုက်သောက်လိုက်ကြတာ ပိုက်ဆံရှင်းမယ်ဆိုတော့ ၂ ယောက်ပေါင်း ဒေါင် ၃ သိန်းကျပါတယ်တဲ့….ကိုယ်တို့မှာ လက်ကျန်ရှိတာက ၁ သိန်းခွဲ… နှစ်ယောက်သား ဟိုပေါင်း ဒီပေါင်း ဟိုကြည့် ဒီကြည့်နဲ့ စပ်ဖြီးဖြီးလုပ်နေတော့ ဆရာသမားက သူရှင်းပေးပါမယ်တဲ့ ….
အားနာသော်လည်းပဲ …. ကျေှးဇူးတင်စွာနဲ့ပေါ့
(ဆက်ပါဦးမည်)
No comments:
Post a Comment