Sunday, September 20, 2009

ဗီယက်နမ်-၂

စားသောက်ပြီးပြန်လာတော့ ဟိုတယ်မှာ တပည့်တွေက ပြင်လာတဲ့ presentation တွေပြ။ တပည့် ၃ ယောက်မှာ နှစ်ယောက်က ပထမနေ့။ ကိုယ်က ဒုတိယနေ့မှမို့ ကိုယ့်အလှည့်ကနောက်ဆုံး။ အတူပါတဲ့ အမက သူပြင်လာတဲ့ စာတွေဆရာ့ကို ပြတုန်း ပြင်တုန်းမှာပဲ ဗီယက်နမ်သူငယ်ချင်းလည်းရောက်လာပါတယ်။ တယောက်က ပြင်တုန်း နောက်တယောက်က ပြပေါ့လေ။ ကိုယ်တော့ ဘေးနားကယောင်ဝါးဝါး၊ ၆ နာရီထိုးတော့ လူကြီးတွေ welcome party ရှိတာကြောင့် ဆရာ က အောက်ဆင်းသွားပါတယ်။ ပထမတော့ ညစာ ဆရာနဲ့အတူ အပြင်ထွက်စားဖို့။ နောက်တော့ သူထွက်လို့မကောင်းတော့ဘူး နင်တို့ဘာသာသွားလိုက်ကြလို့ လာပြောပါတယ်။ ကိုယ့် presentation ကိုတော့ နက်ဖြန်မှပေါ့တဲ့။ ဒါနဲ့ ကိုယ်တို့ ၃ယောက်သားလည်းထွက်လာပြီး မြို့ထဲမှာ ခေါက်ဆွဲ သွားစားကြပါတယ်။

ဆန်ပြားခေါက်ဆွဲကို ကတ်ကျေးကိုက်လိုကြော်တာတပွဲ၊ အပြုတ်တပွဲ ထမင်းကြော်တပွဲမှာပြီး စားကြတာ စားလို့ကောင်းပါရဲ့ ။ ထမင်းကြော်က မာလွန်းတော့ ကိုယ်တို့ မြန်မာတွေက သိပ်မစားနိုင်ဘူး၊ ခေါက်ဆွဲကြော်လေးက နူးနူးညံ့ညံ့နဲ့ ပိုစား ကောင်းတယ်။ အပြန်တော့ သူငယ်ချင်းကဆိုင်ကယ်နဲ့ပြန်ဆိုပြီး ဆိုင်ကယ်တစီး ငှားပေး ပါတယ်။ အတူပါတဲ့အမကသေးသေးလေးဆိုတော့ သူက အတွင်းကထိုင် ကိုယ်က အပြင်က။ ပြုတ်ကျမှာ ကြောက်လိုက်တာ။ နောက်ပြီး သူတို့ဆိုင်ကယ်တွေက ဘယ်လိုမောင်းမှန်းမသိဘူး။ ကွေ့ချင်တဲ့နေရာကကွေ့ ဝင်ချင်တဲ့နေရာကဝင် ပြီး..ဗြုန်းဆို နောက်ရောက်ရင် ရောက်လာတာ။ နောက်က ပြုတ်ကျလုကျခင်ဖြစ်နေပေမယ့် ပြောလိုက်ရင်တခုခု အဆင်မသင့်ဖြစ်မှာစိုးလို့ ဘာမှမပြောရဲဘူး.. ကြောက်ကြောက်နဲ့ နောက်ကကွင်းကိုပဲ ခပ်တင်းတင်းဆုပ်ထားရတယ် စီးရတာ အသည်းတအေးအေးပါ။ ဒါပေမယ့် ဆိုင်ကယ်တွေကားတွေကြားကပဲထွက်လိုက် ဝင်လိုက်လုပ်ပြီး မောင်းလာတာ ဘာမှ အထိအခိုက် မရှိဘဲ ဟိုတယ်ပြန်ရောက်ခဲ့ပါတယ်။ ကျွမ်းကျင်ရာလိမ္မာဆိုရမှာပဲ။

နောက်နေ့တော့ အလုပ်တွေ စရှုပ်ပါပြီ..တနင်္လာနေ့ ၁၇.၈.၀၉ ဖွင့်ပွဲပါ။
မနက်ခင်း ကိုယ့်ကို ဆရာမတယောက်ကတွေ့တော့ နင်ကြည့်ကောင်းလာလိုက်တာတဲ့။ မနေ့ကလည်း နှစ်ယောက်စလုံးက ဒီလိုပဲပြောပါတယ်..ဒါနဲ့ ကိုယ့်ဘာသာမလုံတော့ အတူပါတဲ့ အမကို ပြောမိတယ် အမရေ ညီမတော့ MSc တက်တုန်း တလျှောက်လုံး တော်တော် စုတ်ပြတ်တာ နဲ့တူတယ်လို့။ အစီအစဉ်တွေက နေ့တိုင်း မနက် ၈ နာရီ ကနေ ည ၉-၁၀ မှ ပြီးပါတယ်…ဖွင့်ပွဲနေ့တရက်သာ ကိုယ်တို့ ၈ နာရီမှီအောင် သွားနိုင်ပါတယ်။ နောက်နေ့တွေတော့ မနက်ခင်း coffee break အချိန် ၁၀ နာရီလောက်ကိုမှီအောင် မနည်း သွားရတယ်။ နောက်ကျတာကတော့ ကိုယ်တို့ ည ၁၀ နာရီလောက်မှ ဟိုတယ်ပြန်ရောက်ပါတယ်..ဒုတိယနေ့ကိုယ့် presentation ပါ။ ဒီတခါလည်းကံကောင်းတယ်ဆိုရမှာပဲ ကိုယ့်ဆီမေးခွန်းတွေမလာပါဘူး။ ပြီးတော့လူကို ပေါ့သွားတာပဲ..ကိုယ့်အလှည့်ပြီးတော့ poster session မို့ ခဏ poster တွေလှည့်ပတ်ကြည့်။

water puppet show ကြည့်ဖို့ ညနေ ၇ နာရီ ကန်ကြီးနားက စားသောက်ဆိုင်မှာ ဆုံကြမယ်ဆိုပြီးဟိုတယ်ခဏပြန်နားကြပါတယ်။ ပထမတော့ ကျမက water puppet show ဆိုတာ ပရာခ့် (Prague) မှာလို water fountain show မှတ်နေတာ။ ဟိုမှာတော့ တီးဝိုင်းကစည်းချက်နဲ့အညီ ရေပန်းတွေက ကကြ အရောင် ပြောင်းကြ။ ပြီး ရေပန်းတွေထဲကိုပဲ projector နဲ့ ရှုခင်းပုံတွေ၊ ကပွဲပုံတွေထိုးပြတာ။ ဒီက water puppet show က ရုပ်သေးရုပ်ကလေးတွေရေထဲက ထွက် ထွက်လာပြီး သူတို့နိုင်ငံယဉ်ကျေးမှုနဲ့ ကျေးလက်လူနေမှုစနစ် ထင်ဟပ်တင်ဆက်တဲ့ပြပွဲပါ။ ဓါတ်ပုံ ရိုက်ချင်ရင် ticket ဝယ်ပါဆိုတာ program pamphlet ထဲမှာ တွေ့ပေမယ့်…. ဘယ်လောက်လဲမသိခဲ့ဖူးဆိုတော့ကာ ဝင်ကြေး ဒေါင် ၄၀၀၀၀ က တန်တယ်ဆိုရမှာ။ နောက်ပြီး ကန့်လန့်ကာနောက်က ရေတွေထဲမှာ ရုပ်သေးကြိုးဆွဲတွေက ပွဲပြချိန် တနာရီ လုံးလုံး ရပ်ပြီးကြိုးဆွဲနေကြမှန်း ပွဲပြီးလို့ကန့်လန့်ကာနောက်က လူတွေထွက်လာပြီး နှုတ်ဆက် တော့မှသိတယ်။ အစတုန်းက လူတွေ အနောက်က ခုံတွေပေါ်ထိုင်နေတာမှတ်တာ။ တခုခုမှ အလွဲမတွေး၊ အလွဲမလုပ်ရရင် မပြီးတဲ့ ထုံးစံအတိုင်းပေါ့။

နောက်နေ့တွေလည်း program က ထုံးစံအတိုင်း မနက်၈ နာရီမှာစပါတယ်။ စောလွန်းတယ် ဆိုပြီးစိတ်ထဲမှာမကျေနပ်ပါဘူး။ ထလည်းမထနိုင်တော့ နေ့တိုင်း နောက်ကျ ပါတယ်။ seminar ၃ရက်ပြီးတော့ ကြာသာပတေးနေ့ UNSECO က ကမ္ဘာ့ဆိုပြီးထိန်းထားတဲ့ Halong Bay ကို လည်တဲ့အစီအစဉ်ပါပါတယ်။ ပျော်စရာခရီးပါ။ Hanoi ကနေ ၄ နာရီလောက်ကားနဲ့သွား။ ပြီးမှ bay တလျှောက် သင်္ဘောနဲ့လိုက်ကြည့်၊ ပင်လယ်စာတွေရောင်းတဲ့ရေပေါ်ဈေးခဏဝင်၊ အဲဒီမှာရှိတဲ့ အကြီးဆုံးလှိုဏ်ဂူထဲဝင်ကြည့်ကြ၊ အပြန်မှာ ကနူးလှေလှော်ချင်ကြသူများအတွက် နာရီဝက်လောက် အချိန်ပေးပြီး ပြန်လာ ကြတာပါ။ သင်္ဘောဆိပ်ပြန်ရောက်တော့ ၃း၃၀ခွဲပါပြီ။ ဒီခရီးမှာအထူးအမှတ်ရစရာကတော့ အသွားတုန်းက ဗီယက်နမ်စစ်ပွဲတုန်းက ဒါဏ်ရာရတဲ့သူတွေ အတွက်ထူထောင်ပေးထားတဲ့ လက်မှုပညာ အလုပ်ရုံ အရောင်းဆိုင်မှာ အမှတ်တရပစည်းတွေဝယ်ခဲပတာရယ်။ ကိုယ်က လည်ချောင်းနာ အာခေါင်မှာအပူဖုတွေပေါက်နေတာ ကို တချို့ က အပူတွေကန်နေတာ..ရေများများသောက်လို့အကြံပေးတာကို နာခံမိတဲ့အတွက် အပြန်ခရီိးမှာ ကားနားဖို့မရပ်မချင်းခံစားရတဲ့ ဝေဒနာဆိုးရယ်ကတော့ အမှတ်အရဆုံးပါပဲ…. အဲဒီနေ့က၂၀.၈.၀၉ ဆရာမွေးနေ့ ဆိုတော့ အပြန်မှာဆရာကညစာကျွေးပါတယ်။ ကိုယ်တို့က ဆရာ့အတွက်အမှတ်တရ vietnemease musical instrument တခုဝယ်ပြီး မွေးနေ့လက်ဆောင် ပေးပါတယ်။ သူကြိုက်တဲ့ပန်းချီတွေရှိမှန်းသိပေမယ့် ဈေးတွေက ကိုယ်တို့ ၃ယောက် ပေါင်းလည်းမမှီနိုင်တာကြောင့်ပန်းချီကားတွေပေးဖို့ကိုတော့မသိချင်ယောင်ဆောင် နေလိုက်ပါတယ်။ နောက်နေ့တော့ သောကြာနေ့ ကိုယ်ပိုင်အချိန်ပါ… အပြင်ထွက်ပြီး ဈေးဝယ်ဖို့စိတ်ကူးထားပေမယ့် အပြင်မထွက်ဖြစ်ဘူး…

နေ့လည် ဆရာနဲ့ ၁ နာရီ ဟိုချီမင်းပြတိုက်ချိန်းထားတာကိုတော့သွားဖို့လုပ်ရပါတယ်။ ကံမကောင်းချင်တော့ ဟိုရောက်တော့မှ သောကြာနေ့မို့ ပြတိုက်ပိတ်ပါတယ်တဲ့။ အဲဒီတော့မှ ရောက်လက်စနဲ့ ရှေ့က Fine Art Museum ထဲဝင်ကြည့်ကြပါတယ်… ခေတ်အဆက်ဆက် က ဗီယက်နမ် အနုလက်ရာတွေတိုးတက်ပြောင်းလဲလာပုံတွေပါ ….နောက်ဆုံးပန်းချီပြခန်းကိုရောက်တော့ ဆရာ့အကြိုက်မို့ သူ့ကိုစောင့်ပြီး ပန်းချီတွေလိုက်ကြည့်ရပါတယ်။ဒါပေမယ့် အဲဒီအချိန်ကိုယ်က တော်တော်ဒေါင်းနေပြီ…ဘာကိုမှမခံစားနိုင်တော့ဘူး။ ခေါင်းတွေမူးပြီး ဖြစ်နိုင်ရင်တနေရာရာမှာထိုးအိပ်လိုက်ချင်တာ…ဟိုတယ်ပြန်ရောက်တော့ ၅နာရီထိုးနေပြီ ..ပြန်ဖို့ လေဆိပ်ကို ၆နာရီမှာဆင်းရမှာဆိုတော့ အချိန်က အရမ်းကို rush ဖြစ်နေပြီး …. တော်သေးတယ် ပစည်းတွေထည့်ဖို့ ကိုယ်က ညနေပြန်လာမှထည့်မယ်ဆိုတာ ဗီယက်နမ် သူငယ်ချင်းက မသွားခင်ထည့်သွားလိုက်ပြောလို့်ကြိုထည့်ထားမိလို့ နို့မို့သွားခါနီးမှ ဝုန်းဒိုင်း ကျဲနေရမှာ …

လေဆိပ်ရောက်တော့ မြန်မာ PP holders တွေရဲ့ထုံးစံအတိုင်း check-in လုပ်တာကစပြီးအရစ်ခံရပါတယ်။ ကိုယ်နဲ့အတူလာတဲ့အမ စာအုပ်မှာ ထိုင်းပြန်ဝင်ဖို့ ထိုင်းဗီဇာမပါတာကြောင့် ပါ။ ကိုယ်တို့က Air Asia ဝယ်ထားတာဆိုတော့ သူကဘယ်ကလာလာထိုင်းရောက်ရင် အပြင်ထွက်ပြီး check-in ပြန်လုပ်ရတာကိုး။ ဒါကို ဟိုအမကမသိတော့ visa မှာ single entry ပဲယူလာတော့ အသွားတခေါက်နဲ့တင် Used ထုပြီးသားမို့ပြန်သုံးလို့မရတော့ပါဘူး။ ဘယ်လိုလုပ်ရမလဲဆိုတော့ ဟနွိုင်းပြန်ဝင်ပြီး visa ယူရမှာတဲ့။ ကိုယ်တို့ပြန်မယ့်နေ့က သောကြာဆိုတော့ စနေ၊ တနင်္ဂနွေ ၂ရက်စောင့်ရမှာနဲ့၊ visa fees နဲ့ဆိုတော့မထူးဘူးဆိုပြီး TG လက်မှတ်ပဲဝယ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ သက်သာချင်ပါတယ်ဆိုကာမှ…. သူ့ခမျာ ၄၂၀ အပိုထွက်သွားသေးတာ။ ကိုယ်ကတော့ အဆင်ပြေသူမို့ Air Asia နဲ့ပဲဆက်စခန်းသွားရပါတယ်။ budget flight တွေ ထုံးစံအတိုင်း… ဟနွိုင်းမှာ ၁နာရီခွဲလောက် flight delay ….ထိုင်းရောက်တော့ luggage ရွေး အပြင်ပြန်ထွက်၊ မနက်ကောင်တာမဖွင့်ခင်ထိကိုယ့်မှာတယောက်ထဲယောင်လည်လည်ပေါ့လေ။

တကယ်တော့ ဗီယက်နမ် ကို တပါတ်သွားရတာ ပင်ပန်းလွန်းလှပါတယ်။ နေ့ဘက်ဆိုလည်း မနက် ၈ နာရီက စလိုက်တာ ညနေ ၉-၁၀ နာရီမှဟိုတယ် ပြန်ရောက်ပါတယ်။ တနေ့ကို၃နာရီ ၄နာရီလောက်ပဲအိပ်ရပါတယ်။ အပြင်ဘက်မှာက အရမ်းပူလွန်း အထဲရောက်တော့ အဲယားကွန်းနဲ့ ဆိုတော့ အပူအအေးမမျှပဲ အပူတွေကန်တက်လာပါတယ်။ စားရတဲ့ အစာတွေ ဘယ်လောက်ကောင်းကောင်း လည်ချောင်းတွေက နာ။ သွားတွေကနာနဲ့ ကိုယ့်မှာမထိတထိ မဝတဝပဲစားခဲ့ရပါတယ်။

ပိုဆိုးတာက ပြန်ရောက်တော့ လူကတုပ်ကွေး မိချင်သလိုဖြစ်ပြီး ဖျားတာပါပဲ.. ခေါင်းတွေမူး၊ သွေးပေါင်တွေကျနဲ့ အိပ်ပဲအိပ်နေချင်တော့တာ။ အိမ်ကလူတွေကလည်း အပြင်က ပြန်လာပြီးဖျားတာဆိုတော့ H1N1 များလားဆိုပြီး အထိတ်တလန့်နဲ့ပေါ့လေ…… ဒါပေမယ့်ခရီးစဉ်တလျှောက်လုံး ကိုယ့်အတွက် ကံကောင်း ထောက်မ လွန်းတာက ဆရာသမားက လူဗန်မှာတုန်းကသူဘာခိုင်းထားခဲ့မှန်း ဗီယက်နမ်မှာ ရှိနေတဲ့ တလျှောက်လုံး သတိမရတာပါပဲ။ ကိုယ်က အပျင်းဆိုတော့ ပျော်သာ နေတာ… အမှန်အဲဒါက အရေးတကြီးကိုယ်မလုပ်မဖြစ်…. လုပ်ရမှာ

No comments:

Post a Comment