Monday, March 1, 2010

ရန်ကုန်လိုင်းကားတွေ

ရန်ကုန်မှာ ….လိုင်းကားတွေ ပုံစံမျိုးစုံရှိတယ်။ လိုင်းနာမည်တွေ ဘယ်လိုပြောင်းပြောင်း
ဘာနံပါတ်တပ်တပ်…ပုံစံကတော့ ထူးမခြားနားတွေချည်းပဲ…
လိပ်လိုနှေးတဲ့ကား
ဗွေဆိုးရှိတဲ့မြင်းကိုကြိမ်နဲ့တအားနှက်လိုက်သလို ကဆုန်ဆိုင်းတဲ့ကားတွေ
တစီးနဲ့တစီးလည်း သူမသွားသ၍ ကိုယ်မသွား ….
သူမောင်းသလောက်ကိုယ်အပြိုင်လိုက်မောင်းမယ် ဆိုတဲ့ကားတွေ ချည်းပဲ

ကားပေါ်ပါတဲ့ခရီးသည်ဘာဖြစ်ဖြစ် ဘယ်လိုပြောပြော..မကျေနပ်ရင် နောက်ကားပြောင်းစီးပဲ
တော်တော်မကျေနပ်ဘူးလား…ကားငှားစီးဖို့တတ်နိုင်ရင်….ငှားသာစီးလိုက်တော့။
သူတို့ကတော့ မှတ်တိုင်က ကွမ်းယာသည်လေးတွေနဲ့ ကျီစယ် ကျီစားမပျက်….
နှစ်ယောက်ထဲကမ္ဘာ မှတ်ထင်နေကြတာ။

ခုတော့ဖြင့် လိုင်းတော်တော်များများမှာ အထူးကားတွေပေါ်လာတယ်
ဘယ်လမ်း ဘယ်ခရီး ဘယ်အထိစီးစီး
ပုံသေ ပိုက်ဆံကောက်တာကသာ အထူးဖြစ်ပြီး
ထိုင်ခုံအပြည့်အပြင် အလယ်လမ်းမှာ ၂တန်းလောက်မတ်တပ်တင်ချင်ကြတာတော့ ရိုးရိုးကားနဲ့ တူနေသေးတယ်။

ထိုင်ခုံအပြည့်သာခရီးသည်တင်ပါသည်ဆိုတဲ့ စာတန်း ကိုလစ်လျှူရှုလို့
ကိုယ်ချင်းစာကြပါ အားလုံးအိမ်မြန်မြန်ရောက်ချင်ကြတာပဲ ဆိုတာတွင်တွင်ပြောပြီး……….
မကျေနပ်လို့ပြောမိသူဆိုရင်ပဲ
ကိုယ်ချင်းမစာနာတတ်သူ အတ္တသမားဖြစ်ရပြန်တော့မယ်…

ယာဉ်နောက်လိုက်လေးတွေလည်း တချို့ကယဉ်ယဉ်ကျေးကျေး
တချို့ကတော့ ဘယ်သူမှလူမထင်ဆိုတဲ့ ခပ်မိုက်မိုက်လေးတွေ
ဟိန်းမယ် ဟောက်မယ် ခြိမ်းမယ် ခြောက်မယ် ဆိုတာချည်းပဲ
မိုက်တယ်ဆိုပေမယ့်လည်း တချို့ခရီးသည် လှလှတွေ ကိုတော့
လက်ဆွဲ ခါးဖက် လို့….ကြင်ကြင်နာနာ ဖေးဖေးမမ ရှိတတ်ပါသေးတယ်….
ပိုက်ဆံပေးပြီး အဟောက်ခံရတာ
ဘယ်လိုမှသည်းခံချင်စရာမကောင်းပေမယ့်
အကောင်းမြင်တတ်သူဆိုရင်တော့ ကိုယ့်ခန္တီစွမ်းအင်တွေ မြင့်လာဖို့ ပါရမီဖြည့််တယ်ပဲမှတ်ယူရမလို……….

ဒိုင်နာ (အထူးသဖြင့် လှိုင်သာယာဘက်ကိုသွားတဲ့) ကားတွေကတော့
ဘာကိုမှမမှုဆိုတဲ့ပုံတွေချည်းပါပဲ ဘယ်လောက်ကြမ်းတဲ့လမ်းဖြစ်ပစေ မိုးဘယ်လောက်သည်းသည်း ခရီးသည်တွေဘယ်လိုဖြစ်ဖြစ် ယာဉ်မောင်းတွေက ယာဉ်ပေါ်ရောက်တာနဲ့ ဝူး…..ဝဲ…..ဆိုပြီး အပြင်းမောင်းဖို့စိတ်တစ်ခု
အာရုံတစ်ခုပဲရှိတယ်လို့ထင်ရတယ်။
ဘယ်ကားကိုဘယ်လိုလုပ်…. ဘယ်လမ်းမှာဘယ်လိုရှောင်…
ဟိုဘက်လမ်းကြောရှင်းတယ် အပေါ်သာတင်ထား လို့ ယာဉ်မောင်းတွေကို အနောက်ခန်းကနေ အင်တာကွန်းသုံးပြီး အမျိုးမျိုး ပါဝါတွေပြနေတဲ့
လူတွေကိုကြည့်ပြန်တော့ ၁၃-၄ နှစ်ချာတိတ်တွေ ….
ကျမကတော့ ကြောက်တတ်လို့ရယ်မဟုတ်ပဲ
စီးဖို့မဝံ့တာမို့ တော်ရုံတန်ရုံတော့ ဒိုင်နာဆိုဝေးဝေးရှောင်တာ
တော်တော်ကိုမလွှဲမရှောင်သာပါမှ
တော်ကြာဘယ်နား ပက်လက်လန်ပြန်ပြီ ၊ ဘေးစောင်းလဲပြန်ပြီ
နောက်ပြန်ကျပြန်ပြီဆို..ကြားရသမျှ…..
များသောအားဖြင့်တော့ ဒိုင်နာတွေချည်းမဟုတ်လား
ကြောက်တတ်လို့ရယ်မဟုတ်ပဲလို့ကိုယ့်ဘာသာ သက်သက်ညှာညှာ ပြောပေမယ့်
ကျွန်မကြောက်တတ်တယ်……………….တကယ်ပြောတာ
ခုတော့ ရန်ကုန်မှာ မြို့တော် (ခုထိတော့ ကိုယ့်ဘာသာ မြို့တော် လို့ထင်မိနေသေးတယ်)..ရဲ့ အဆင့်နဲ့ ညီအောင်… ဒိုင်နာတွေ..ဟိုင်းလပ်စ် ကားသေးလေးတွေ မြို့ထဲပေးမဝင်တော့ဘူးဆိုလို့…ကားလမ်းကြောင်း အပြောင်းအလဲတွေရှိတယ်တဲ့….ကားလမ်းကြောင်းတင်မဟုတ်ပဲ
ကားသမားတွေရဲ့ဆက်ဆံရေးနဲ့စရိုက်တွေပါပြောင်းပေးနိုင်ရင် ပိုကောင်းမယ်ထင်မိပါတယ်….

No comments:

Post a Comment