Saturday, October 16, 2010

အမ ဘာဘူနဲ့ရ လမ်းခွဲ................

အခုတလော ကွန်ပျူတာရှေ့မှာအထိုင်များပြီး
စာတွေဖတ်တာများနေတယ်.....
ကြာတော့မျက်စိတွေတခါတခါ ကြည့်ရတာ သိပ်မကြည်ချင်ဘူး....
စာတွေပြားပြားနေတယ်..........
မျက်တောင်တွေလည်း ခဏခဏ ခတ်နေမိတာ သတိထားမိတယ်.....
စာတွေအရမ်းဖတ်တော့ လောကြီးပြီး ကမန်းကတန်းဖတ်ဖြစ်တယ်....

ဟိုနေ့က မှတ်မှတ်ရရ ....ဒီဘက်ကစာတွေဖတ်နေရင်း side bar ကို ဗြုန်းဆိုလှမ်းဖတ်လိုက်တာ...
မမိုးချိုသင်းက "တူမလေးများနှင့်တလတာ"..........ဆိုတာကို
ကိုယ်ဖတ်လိုက်တာ........"ကုလားမလေးများနှင့်တလတာ" တဲ့

ဖြစ်ချင်တော့ ကိုယ်က ခုနမှ "တူမလေးများနှင့်တလတာ" ကိုဖတ်ပြီးပြန်ထွက်လာတာဆိုတော့
ဟောတော် 'ကုလားမလေးများနှင့်တလတာ' ဆိုတာ အသစ်ထပ်တင်တယ်အောက်မေ့လို့
နောက်တခေါက်ပြန်သွားတာ ..........
"တူမလေးများနှင့်တလတာ" ပဲထပ်တွေ့ပါတယ်...........
မကျေနပ်လို့ ခုနဖတ်ခဲ့တဲ့ ဘလော့ side bar ကိုသွားပြန်ကြည့်တော့လည်း......"တူမလေးများနှင့်တလတာ" ပါပဲ
အဲဒီတော့မှ ...ငါ အဖတ်မှားပါလား ဆိုပြီး တယောက်ထဲရီနေရတယ်.....ဖြစ်ပုံ။

မချိုသင်းတွေ့ရင်ဖြင့် ငါ့တူမလေးတွေကို ဆိုပြီးများစိတ်ဆိုးလေမလား
ဖြစ်ရလေ ဆိုပြီးများ ရီလေမလား
(အမ ကသဘောကောင်းပါတယ်...စိတ်တော့မဆိုးလောက်ပါဘူးလေ)

ဒီနေ့လည်း တီတီဆွိက 'မုန့်ကြာစေ့' ဆိုတာ
ကမန်းကတန်းဖတ်လိုက်တာ
'နေကြာစေ့'တဲ့။

နောက်ပြီး နေလင်းအောင် သိုင်းစာအုပ်နာမည် 'ချစ်ကြိုးယှက်လိမ် သွေးမီးအိမ်' ဆိုတာကိုလည်း 'ချစ်ကြိုးယှက်လိမ် မီးသွေးအိမ'် ဆိုတာချည်းဖတ်မိနေတယ်..........

ကြားဖူးတဲ့ ဟာသတခုလို....
'အမရပူရ လမ်းခွဲ' ကို လောကြီးပြီး 'အမ..ဘာဘူနဲ့ရ..လမ်းခွဲ'
'မသာရထားငှားရန် ရှိသည်' ကို ' မသာရ ဒါးငှားရန်ရှိသည်' လို့ ဖတ်သလို
အခုကိုယ်လည်း အဲလို ဖြစ်နေပြီ......... :D
မျက်လုံးတွေ လည်းတကယ်မကောင်းတော့ဘူး.....:(

No comments:

Post a Comment