၂၆ အောက်တိုဘာ (အဂါင်္နေ့)
ကျောင်းမှာ ၂၀၁၀ ဆောင်းရာသီ တုပ်ကွေးကာကွယ်ဆေးဆိုလို့ ၆ ကျပ်ပေးပြီးသွားထိုးတယ်....
၂၈ အောက်တိုဘာ (ကြာသာပတေးနေ့)
အိမ်ပြောင်းရမှာမို့ ပစ္စည်းတွေစသိမ်းတယ်။ သိမ်းပြီးခဏ နားတော့ လူကချမ်းလိုက်တာ ခိုက်ခိုက်တုန်ပဲ....တံခါးတွေဖွင့်ထားမိလို့ထင်ပြီး တံခါးတွေထပိတ်လိုက်တော့ အချမ်းသက်သာသလိုပဲ....တညလုံးလည်းချမ်းသလိုလို ချွေးတွေထွက်နေသလိုလို
သောကြာနေ့ နေ့လည် ခေါင်းတွေတအားကိုက်ပြီး ညဘက်ရောက်တော့ကိုယ်တွေပါပူလာတာ....လည်ချောင်းတွေနာ..
နှာတွေကချေ..လူတစ်ကိုယ်လုံးလည်းကိုင်ရိုက်ထားသလိုပဲ
တညလုံးလည်း ချမ်းလိုက် ပူလိုက် မအိပ်ရဘူး
စနေနေ့ အိမ်ပြောင်းမယ်စဉ်းစားထားတာ..လူကလုံးဝကိုမလှုပ်နိုင်တာနဲ့ မပြောင်းဖြစ်ဘူး..........
တနင်္ဂနွေတော့ သူငယ်ချင်းလည်းလာဝိုင်းပြောင်းပေးတာနဲ့ပြောင်းလိုက်တော့တယ်...
နေ့ခင်းပိုင်းက ပစ္စည်းတွေ ဝိုင်းရွှေ့ ဟိုလုပ်ဒီလုပ်နဲ့ နေကောင်းသွားသလိုလိုနဲ့ ညနေရောက်တော့ပြန်ဖျားတယ်...
ညဘက်ရောက်တော့ အသံပါမထွက်တော့ဘူး
ကောင်းရော.............တနလာၤ...အဂါၤ က ဟောလီးဒေးမို့ပဲတော်သေးတယ်
အသံမထွက်တော့ စကားပြောရတာတော်တော်ပင်ပန်းတယ်
တခုခုဆို အားစိုက်ပြီးပြောနေရတာ...လူကပိုစိတ်တိုမိရော နေမကောင်းပါဘူးဆိုမှ....
အဂါင်္နေ့ရောက်တော့ သည်းမခံနိုင်တော့ဘူး
စိတ်ကူးပေါက်တာနဲ့ (ဂျင်း+သံပုရာ+ဆား+သကြား+ပျားရည်)တွေရောပြီး
ရေနွေးပူပူနဲ့သောက်ပစ်လိုက်တယ်
သောက်ပြီးမှ ကိုယ့်ဘာသာ food poison ဖြစ်မှာစိုးနေသေးတယ်......
ဗုဒ္ဒဟူး...အိပ်ယာနိုးကတည်းက ခေါင်းတခြမ်းထဲကိုက်နေတာ ...ခေါင်းတင်မက မျက်နှာတခုလုံးလိုပဲ....သွားတွေရော နားတွေရော
အသံကတော့ ကိုယ်သောက်တဲ့ဆေးရည်ကပဲကောင်းလို့လား...
ပျောက်ချိန်တန်လို့လားတော့မသိ
နည်းနည်းပြန်ထွက်လာတယ်.....
ဖျားနေတာ တပါတ်ရှိပြီ...လူကအရမ်းနှုန်းနေတယ်
ဘယ်နေရာရောက်ရောက် နွေအကုန် မိုးအကူး မိုးအကုန်ဆောင်းအကူး ဆောင်းအကုန်နွေအကူး....ဘယ်ကနေ ဘယ်ကိုကူးကူး
ကိုယ်အမြဲဖျားတယ်...........ဖျားလေ့ရှိတယ်
ဖျားမှာစိုးလို့ ဆေးသွားထိုးထားတာတောင် အစဉ်အလာမပျက်
ဖျားဖြစ်အောင်ဖျားတယ်ဆိုတော့...................
လူကောင်ကြီး...ကြီးပေမယ့် ကိုယ်ခံအားနည်းတဲ့သဘောပဲ
အရင်ကတော့ အိမ်မှာ အစ်မတွေနဲ့ အမေနဲ့ဆိုတော့ နွေးနွေးထွေးထွေး ဇိမ်ကျကျ ဖျားလို့ရတယ်............
အခုတော့ဖြင့်....ကိုယ့်တစ်ယောက်တည်းရယ်
သူငယ်ချင်းတွေ ရှိလို့သာတော်တော့တယ်.........
သူတို့က လူကိုယ်တိုင်တမျိုး.....msg ပို့လို့တဖုံ လှမ်းလှမ်းအားပေးရှာတယ်
ကျေးဇူးးးးးး
No comments:
Post a Comment