ဘာလိုလိုနဲ့
ဒီဇင်ဘာလလယ်ရောက်ပြီ
၂၀၁၀ ဟာ ခဏလေးနဲ့
ပျောက်သွားတော့မယ်
တနှစ်ဟောင်းလို့
တနှစ်ပြောင်းသွားတော့
အသက်လည်းတနှစ်ပိုကြီးပြန်ပေါ့။
(ဒီနှစ်ပိုင်းအတွင်း အသက်အကြောင်း
သတိတရ
ခဏခဏ
စကားထဲထည့်ပြောမိတယ်။
သူငယ်ချင်းတယောက်ကတောင်
သူဟာ
ကိုယ့်အပြောတွေကြာင့်
အသက်ရဲ့
side effect တွေရနေပါတယ်တဲ့...)
လူတွေဟာ ဘဝရဲ့တဆစ်ချိုးတွေနဲ့
တချိန်ချိန်မှာ
တွေ့ရတတ်တယ်ဆို
ကိုယ်ဟာ
အခုချိန်မှာ
တဆစ်ချိုး ၂ ခုကြား
တပြိုင်ထဲရောက်နေသလိုပဲ......
၂၀၁၁ ဟာ
ကိုယ့်ဘဝအတွက်
ထူးခြားတဲ့နှစ်
ဖြစ်နေမလားပဲ
ခုထိတော့
ဘာမှမရေရာသေး......
ကြိုဆိုပါတယ်
၂၀၁၁ ရေ.....။
No comments:
Post a Comment