ကိုယ်ရေးလိုက်တဲ့စာရရဲ့လား
ဒီလိုပဲပေါ့ မသီတာရယ်
ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းမှာ
ကွေကွင်းနောက်ဆုံးရှိတတ်တာပဲ...........
နှစ်ဦး နှစ်ဖက် လိပ်ခဲတည်းလည်း
အဆင်မပြေဖြစ်နေကြမယ့်အစား
တစုံတခုကို ပြတ်ပြတ်သားသား
ဆုံးဖြတ်သင့်ပြီမဟုတ်လား.........
ဒါဏ်ရာဆိုတာတော့
နာကျင်တဲ့သဘောရှိတတ်တာပေါ့ကွယ်..........
ဖြစ်ပြီးတာတွေကိုလည်း မဆွေး
မဖြစ်သေးတာတွေကိုလည်းမတွေးပဲ
မင်းလည်း မင့်လမ်းကိုဖောက်
ကိုယ်လည်း ကိုယ့်လမ်းကိုလျှောက်ကြဖို့
သင့်တော်တဲ့အချိန်ရောက်ပြီမို့
မသီတာရေ........
ဒီတဘဝတော့
ဒီမျှသာပဲ မှတ်ပါကွယ်......................
(တစုံတယောက်အတွက် တကယ်မရှိခဲ့တဲ့ မသီတာ သို့
ရေးပေးခဲ့ရတဲ့စာ ....)
No comments:
Post a Comment