တလောဆီက ဘလော့ ကို ဟိုကလိ ဒီကလိ လုပ်ပြီး setting တွေ template တွေ ပြောင်းလိုက်တာ.....
ကိုယ့်ဘာသာတော့ မျက်စိထဲလှတယ်ထင်တယ်
ဒါပေမယ့် ပို့စ် အသစ်တင်ဖို့ကို ဘယ်လို တင်ရမှန်းမသိတော့ ပစ်ထားလိုက်တာ
အခုမှပဲ နဂို template ပြန်ချ ဖုန်တွေ ဘာတွေခါပြီး ပို့စ်တင်လိုက်တယ်......
ဘာလိုလို နဲ့ သက္ကရာဇ်ကတော့ ၂၀၁၁ ကနေ ၂၀၁၂ ကို ကူးပြောင်းသွားပြီ....
အကူးအပြောင်း ကာလလေးမှာကိုပဲ... ထူးခြားတာတွေ ထူးဆန်းတာတွေ ဆက်တိုက်နီးပါးဖြစ်သွားကြတယ်....
လှည်းတန်းဗုံးပေါက်တယ်။ မှတ်မှတ်ရရ ၂၁.၁၂.၂၀၁၁။ ကိုယ်တွေက အဲဒီတုန်းက မွေးနေ့မို့ မုန့်သွားစားကြမယ်ဆိုပြီး အပြင်ထွက်လာတာ
အဲဒီနားဝန်းကျင်မှာ....... အဲဒီအချိန်တုန်းက ဘယ်သူကမှ ကျန်းမာရေးကိစ္စ အလောတကြီး မဖြေရှင်းချင်နေခဲ့တာ ကံကောင်းတာပဲ
ပြီးတော့ မင်္ဂလာတောင်ညွန့် ကူးတို့ဆိပ် ရပ်ကွက် မီး လောင်တယ်။
အဲဒီညကလည်း ဝုန်းဆို အိပ်နေတဲ့ ကုတင်က နံရံကိုပြေးကပ်တော့ လန့်နိုးလာတာ.. ဘာမှန်းမသိလိုက်ဘူး
ညနေဘက်က မုန်တိုင်းသတင်းရှိတယ် ကြေငြာထားတော့ မုန်တိုင်းများလား ဆိုပြီး အပြင်ထွက် လေသံမိုးသံ နားထောင်သေးတာ
ဘာမှမကြားတော့ မှ ဒါဆို ငလျှင်လှုပ်တာဖြစ်မယ်ဆိုပြီး ကိုယ်တွေလည်းဘာမှမဖြစ်ကြတော့ ပြန်အိပ်လိုက်ကြတာ
မနက် သတင်းကြည့်မိတော့မှ အမယ်လေး အော်ရတော့တာပဲ....... ကိုယ့်အိမ်နဲ့ဆို တော်တော်ဝေးသေးတာတောင် ဒီလောက်ပြင်းထန်သွားလို့....... ကိုယ်တိုင်ကြုံတဲ့လူတွေတော့ ညအိပ်ယာဝင်တုန်းက ညကြီးသန်းခေါင် ဒီလို ဖြစ်ပျက်ပြေးလွှား သေဆုံးရမယ်ဆိုတာ တွေးမိကြမှာ မဟုတ်ဘူးလို့ တွေးကြောက်ရင်း ခဏတော့ သံဝေဂ ရလိုက်သေးတယ်။
နောက် စိန့်သြဂတ်စ်တင်း ( ထ ၂ ကမာရွတ်) မီး... ဒါတော့ မသိလိုက်ဘူး အင်တာနက်ပေါ်မှာသတင်းတွေ့တော့မှသိတာ....
နှစ်အကုန်မှာ လန့်စရာ ကြောက်စရာ အဖြစ်တွေ သတင်းတွေနဲ့ အဆုံးသတ်ခဲ့ပေမယ့်............
နှစ်သစ်အစ ဇန်နဝါရီလထဲမှာကိုပဲ မင်္ဂလာရှိတဲ့သတင်း တွေထွက်ရုံတင်ထွက်တာမဟုတ်ပဲ တကယ်ဖြစ်လာခဲ့တယ်
ဘယ်သူတွေက ၁၃ ဂဏန်း ဟာ လာဘ်မကောင်းဘူး ကံမကောင်းဘူး ဘယ်လို အယူရှိရှိ
မြန်မာအစိုးရကတော့ ၁၃ ဂဏန်းတော်တော်ကြိုက်ပုံရတယ်
ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးတုန်းကလည်း နိုဝင်ဘာ ၁၃ ၂၀၁၀........
အခု ကျောင်းသားခေါင်းဆောင်တွေ လွှတ်ပေးတော့လည်း ၁၃ ဇန်နဝါရီ ၂၀၁၂ မဟုတ်လား........
အဲဒီ သောကြာ ၁၃ ကတော့ မြန်မာ့သမိုင်းမှာတော့ မင်္ဂလာရှိတဲ့ နေ့သစ်တခုအဖြစ်မှတ်တမ်းတင်နိုင်ခဲ့တာ အမှန်ပါပဲလေ.....
၂၀၁၂ နှစ် အစ မှာ မင်္ဂလာသတင်းကောင်းနဲ့ဖွင့်လှစ်လိုက်သလို နှစ်လည် နှစ်ဆုံး တနှစ်လုံး
မင်္ဂလာရှိတဲ့ ကောင်းတဲ့ သတင်းတွေ ပဲဆက်လက်ကြားရပါစေ.... ကောင်းသောပြောင်းလဲခြင်းတွေနဲ့ကြုံရပါစေ....
အားလုံးလည်း ကိုယ်စိတ်ကျန်းမာ ရွှင်လန်းကြပါစေ.............
No comments:
Post a Comment