အခုလက်ရှိကိုယ်နေနေတဲ့အခန်းလေးက အရှေ့ဘက်တည့်တည့်မဟုတ်ပေမယ့် အရှေ့ကိုမျက်နှာမူထားတော့ ရှားရှားပါးပါးရုံးပိတ်ရက် နေသာတဲ့နေ့ဖြစ်ရင် အိမ်ရှေ့ခန်းလေးကို နေရောင်တွေဝင်နေပုံဟာချစ်စရာကောင်းတယ်....
အိမ်ခန်းထဲကတော့ နောက်ဘက်လှမ်းကြည့်ရင် အခြားအဆောင်တွေနဲ့ community center ကိုသွားတဲ့ လမ်းကလေး.... ဘေးမှာ သစ်ပင်လေးတွေစီစီရီရီ ရှိနေတော့ ကိုယ့်မျက်စိထဲမှာ ချစ်စရာဖြစ်နေပြန်ရော... ခုတလောတော့ မတ်လလယ် ဆောင်းနှောင်းကြွင်းကျန်... နှင်းတွေခပ်ဖွဲဖွဲ ကျထားတာကြောင့် ကပိုကရိုလေးနဲ့....
ပြီးခဲ့တဲ့ရက်တွေက အွန်လိုင်းပေါ်မှာတွေ့ရတဲ့ အဖြစ်အပျက်တွေကို မြင်မိပြီး ပညာတတ်ခြင်း... မတတ်ခြင်းရဲ့ နောက်ဆက်တွဲ ဆင်ခြင်ပိုင်းခြားနိုင်စွမ်းရှိခြင်း မရှိခြင်း ကိုဆင်ခြင်မိတော့.... အိမ်က တူမလေးတွေကိုသတိရနေမိတယ်.....
သူတို့လေးတွေကို အချိန်တိုင်းကျောင်းစာ.. အမှတ်.. အဆင့်ဆိုတာတွေနဲ့ မဖိစီးစေပဲ.... ကိုယ်တွေငယ်ငယ်တုန်းကလို...ကလေးဘဝပျော်ပျော်နေ...ကစားချိန်ကစား စာကျက်ချိန်ကျက်... ပြင်ပစာတွေလည်းငယ်ငယ်ထဲက ထိုက်သင့်သလောက်ဖတ်ပြီး... မှန်မှန်ကန်ကန် တွေးခေါ်တတ်တဲ့ အသိလေးတွေရှိစေချင်တယ်..... ပျော်ရွှင်ပါစေ... ကလေးတို့ရေ...
လွမ်းနေမိတဲ့ တူမလေးတွေ |
No comments:
Post a Comment