ညီလင်းဆက် ဘလော့မှာ Scribefire နဲ့ ရေးရင်ဇိမ်ကျတယ်။ Blog Page ကို တကူးတက သွားနေစရာ မလိုဘူးဆိုလို့...ဝမ်းသာအားရ ဒေါင်းလုပ်ချပြီး သုံးနေတာ ပီတိတွေကျလို့ပေါ့
မကြာပါဘူး..Gmail မှာပြသနာရှိတယ်လို့ထင်တာနဲ့၊ Password ပြောင်းလိုက်တာ Scribefire နဲ့ရေးလို့မရတော့ဘူး...“Your name or password is not recognized” ပဲပြောနေတော့တာ
Scribefire မှာ password ဘယ်လိုပြန်ပြောင်းရမှန်းမသိဘူး...
(ညီလင်းဆက်ဆီပဲ စာရေးပြီးအကူအညီပြန်တောင်းရမလားမသိ???) မမေးခင်တော့ သူ့ဘလော့ဆီ တခေါက်သွားပြီး သေချာပြန်ဖတ်ကြည့်ဦးမယ်
Blog တခုလုံးသေချာကြည့်တော့လည်း ပုံတွေ က ကမောက်ကမ............ စာတွေကလည်း သူ့ ဒီဇိုင်းနဲ့သူ
ကိုယ့်ဘာသာတောင်အားမပေးချင်ဘူး......သူများလာဖို့က အဝေးကြီးပေါ့
ကြိုးစားပြီးတော့ပြင်နေတာ...ပြင်ရင်းနဲ့ပဲပိုဆိုးသလားမသိ
ဲပြင်လွန်း....ဘာချွန်းဆိုတာလေ...
ဒါပေမယ့်...အားမလျှော့ပါဘူး...မပြန်ခင်တော့ ဒီဇိုင်း လှလှလေးရအောင် ပြင်သွားမယ်
မြန်မာပြည်မှာဆိုလွယ်မှာမဟုတ်....
No comments:
Post a Comment