Tuesday, April 28, 2009

မျက်ဖြေလင်္ကာ

သူတည်းတယောက်ကောင်းဖို့ရောက်မူ
သူတယောက်မှာ ပျက်လင့်ကသာ
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ
မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည်
ရေပွက်ပမာ၊ တသက်လျှာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊မလွတ်ကြမ္မာ
လူတကာတို့၊ခန္ဓာခိုင်ကျည်
အတည်မမြဲ၊ဖောက်လှဲတတ်သည်
မချွတ်စသာ၊သတ္တဝါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်
သံသာစက်၌၊ ကြိုက်လတ်တွန်မူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မွန်ကို၊ ချစ်ဘိစင်စစ်
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ
ငါ့ခန္ဓာတည်း။ ။


(အနန္တသူရိယအမတ်ကြီး)

1 comment:

  1. ရှာနေတာ ကြာပြီ။ အခုမှ တွေ့တယ်။ ကျေးဇူး။ :)

    ReplyDelete