မနေ့ကတည်းက Lab မှာ Vietnam သူငယ်ချင်းက မနက်ဖြန် Friday Market သွားမယ်ဆိုတော့ငါ့ကိုလည်း ခေါ်ပါ ပြောထားမိတယ်။ တယောက်တည်းတော့ဖြင့် မနက်မနိုးတာနဲ့ မနက်ခင်းတွေပဲရောင်းတဲ့ (စည်တဲ့) Friday, Saturday, Sunday Market တွေတခါမှဈေးမသိမ်းခင်ရောက်တယ်ဆိုတာမရှိပါဘူး။ ဒါတောင် ဒီနေ့ သူတို့အခန်းတံခါးလာခေါက်တော့ ကျမ က အံ့သြနေသေးတာပါ။ နောက်မှ သူတို့ကမေ့နေပြီလား၊ Friday Marketသွားမယ်လို့မနေ့ကပြောထားတယ်လေတဲ့။ တော်သေးတယ် အိပ်ယာက ထပြီးသားဖြစ်နေလို့။ အဲဒီတော့မှ သူတို့ကိုခဏစောင့်ခိုင်း၊ ကျမမျက်နှာကမန်းကတန်းဆက်သစ်၊ အဝတ်ကောက်လဲပြီး လိုက်ခဲ့ရပါတယ်။
Friday Market ကိုတော့ ဒီတခေါက် ပထမဆုံးရောက်ဖူးတာပါ။ ကျမ မရောက်သာမရောက်တာ။
တကယ်တော့ Friday Market ကဒီနှစ် ကျမနေရတဲ့အဆောင်နဲ့ နီးနီးလေးရယ်၊ Central Library ရှေ့က Ledeuze Plein မှာခင်းရောင်းတာပါ၊ Saturady Market က M. de Layens Plein နဲ့ F. Smolders Plein (ဒါလည်းနီးတာပါပဲ) Sunday Market က Heverlee ဘူတာရှေ့က ကွပ်လပ်မှာရောင်းတာ။ Sunday Market ကိုတော့အရင်နှစ်တွေက ရောက်ဖြစ်တယ်။ ဒါပေမယ့် ဈေးသိမ်းမှရောက်တာချည်းပါ.........
အခုFriday Market ကတော့ Sunday Market ထက်ပိုကြီးပြီးပိုစည်တယ်။ Sunday Market စည်တဲ့အချိန်မမြင်ဘူးလို့ လည်းဖြစ်နိုင်တယ်။ နေရာပိုကျယ်တာတော့သေချာတယ် ...:P
ငါးဆိုင်တွေ၊ အသားဆိုင်တွေ၊
ဟင်းသီးရွက်ဆိုင်တွေ၊
လတ်ဆတ်တယ်ဆိုတဲ့ အသီးအရွက်တွေ
Tropical Fruits
Strawberry ကြီးတွေ (မချိုမချဉ်ရယ်) ဒီဘက်က အချိုမုန့်
ပေါင်မုန့် ကိတ်မုန့် ဆိုင်တွေ၊ အဝတ်အထည်၊
ကျမ ကြိုက်တဲ့ကြက်ကင်၊ ဈေးသည်တွေကလည်း (ရောင်းတဲ့လူ၊ အကင်လဲတဲ့လူ၊ အရွက်ကြော်တဲ့လူ) ဘယ်သူမှလက်မလည်ဘူး....
အစုံအစုံ ပါပဲ..................မနက်စောစောကားတွေနဲ့လာ၊ ဈေးတန်းကြီးလုပ်ပြီးရောင်းကြတာပါ။
အသီးအနှံဆိုလတ်လတ်ဆတ်ဆတ် (လတ်ဆတ်တော့တခါတလေ စူပါမတ်တွေထက်ဈေးပိုကြီးပါတယ်)၊ အသားငါး တွေတော့ဈေးချိုချိုနဲ့ရလို့ တကူးတကလာကြတာတဲ့။
သူငယ်ချင်း ဝယ်လာတဲ့ငါးခေါင်းက ၂ခုကို ၁ယူရိုတဲ့၊ ဆော်လမွန်ခေါင်းတဲ့
ကျမကဓါတ်ပုံ လျှောက်ရိုက်နေတော့ သူ့ငါးခေါင်းဘယ်လောက်ကြီးလဲ မကြည့်လိုက်ရဘူး။
အသက်တော်တော်ကြီးနေတဲ့ အဖိုးကြီး၊ အဘွားကြီးတွေလည်း တုန်တုန်ချိချိဈေးတန်းလျှောက်၊ ဈေးဝယ်ကြတယ်။
လူတွေရုတ်ရုတ်၊ ဈေးသည်တွေဈေးခေါ်တဲ့အသံနဲ့ (တကယ်.. လှည်းတန်းဈေးကဈေးသည်တွေအတိုင်း...လာပါ၊ ယူပါ၊ လတ်ပါတယ်နဲ့ အော်နေကြတာ)၊ CD ရောင်းတဲ့ဆိုင်ကသီချင်းသံဆူညံညံနဲ့ ၊ ပျော်စရာ.....................
ဈေးတန်းတပါတ်ပြည့်တော့ ကြက်ကင်ဆိုင်ဝင်ပြီး ....ကြက်တပေါင် ၁.၇၅ နဲ့ဝယ်ခဲ့တယ်...........
ညနေခရီးသွားမှာ ဟင်းမချက်ချင်တာနဲ့အတော်ပဲ............
အိမ်ပြန်ရောက်ရောက်ချင်းခြေထောက်ဘက်က စဖြိုလိုက်တယ်.......................
No comments:
Post a Comment