Friday, May 8, 2009

ခလုတ်ထိမှအမိတ

အားလုံးအဆင်ပြေပါတယ်လို့ပြောရပါမယ်...
ဒီနေ့မနက် သံရုံးသွား ဗီဇာတင်ပါတယ်။ နောက်တပါတ်ကြာသာပတေး...ပြန်လာပါတဲ့...
....အဆင်မပြေ ခံနိုင်ရိုးလား... ဗီဇာတင်ရမယ့်ရက်ရောက်နေပြီ
လက်ထဲမှာ ဗီဇာတင်ရင် အဓိက ပြရမယ့် invitation letter နဲ့ insurance proof ကမရှိသေးတော့ လူက ပူလှပြီ....
(invitation letter က email နဲ့ပို့ထားပေးတာရှိပါတယ်။သို့ပါသော်လည်း... ကြီးကျယ်တော်မူလှတဲ့သံရုံးက email, fax လက်မခံပါတဲ့....လူကသာအပြင်ပန်းကပူနေတာ...
သံရုံးကလူတွေကိုတော့...နေနှင့်ဦးပေါ့လို့စိတ်ထဲကတော့ကြိမ်းပါတယ်။)

ဒါနဲ့........ဘာလုပ်ရမှန်းမသိတော့.....မနေ့ကအိမ်ကိုလှမ်းပြီး အမေ့ကိုအပူကပ်ပါတယ်...
ကိစ္စတွေအဆင်ပြေအောင်ပါ..အမေလုပ်ပါဦးပေါ့လေ....“ခလုတ်ထိတော့ အမိတ” ရတော့တာပေါ့...
အမေက..အေးပါသမီးရယ်...အမေလုပ်ပေးပါမယ်တဲ့
.
.
.
.
အမေ့ဆီဖုန်းဆက်ပြီး insurance company ကိုသွားတာလည်းအဆင်ပြေ invitation letter လည်းရောက်ပြီ
ဟိုတဘက် က organizer ကိုလည်းလှမ်းပြောရပါတယ်.... invitation letter ရောက်ပါပြီလို့...
သူ့ခမျာလည်း ကျမ စာရောက်ပြီလို့ပြောလိုက်တော့မှပဲ ဟင်းချနိုင်ရှာမှာပါ...
နို့မို့ စာမရောက်မချင်း ကျမကမေးလ်တွေ ခဏ ခဏ ပို့....အပူတွေတိုက်နေတာလေ
...
.
.
ကျမယုံကြည်ပါတယ်...နောက်ဆုံးရက်မှ ကပ်ပြီးမှအားလုံးအဆင်ပြေတာ...အမေလုပ်ပေးလို့ဆိုတာကိုလေ

အော်...အမေလုပ်ပေးတာလား....ဘာမှ မဟုတ်ပါဘူး...
ကျမ က အမေ့ကို...“အမေ သမီးကိစ္စတွေနည်းနည်းအဆင်မပြေလို့...သမီးအတွက်ဘုရားရှိခိုးပေးပါလို့လေ”...
အဲဒါလေးပြောလိုက်တာပါ......
အမေဆိုတော့ မေတ္တာပါတယ်လေ....ကိုယ့်ဘာသာက ဘုရားသာရှိခိုးတာ..စိတ်ကဟိုရောက်ဒီရောက် :D

ခုတော့တော်တော်စိတ်အေးပါပြီ....မနက်ဘုရားထရှိခိုးဖြစ်ဖို့မသေချာတော့ပါ....
ကိုယ် မခိုးလည်း...အမေကတော့ သေချာပေါက် ရှိခိုးနေမှာ......ကျိန်းသေပါတယ်
ကံကောင်းရင် အမတွေလည်းရှိခိုးနေမှာ...အမကြီး ဘုရားရှိခိုးတဲ့ အသံတောင်ကြားမိနေသလိုပဲ....

သံရုံးကအပြန်..တန်းမပြန်ပဲ Brussels မှာ အနားတဝိုက်လမ်းသလား လိုက်ပါသေးတယ်။
ရထားလက်မှတ် ၉.၈၀ နဲ့ပေးပြီးဝယ်ပြီးလာရတာ တန်အောင်ပါ....
Metro စီးတာကတော့ လက်မှတ်ကို မနက် ၈း၁၅ ထဲကစက်ထဲထည့်ရိုက်ထားတာ နေ့လည်၁း၀၀ ပြန်တဲ့အထိ ထပ်မရိုက်တော့ပါဘူး....ပိုတန်အောင်ပါ......
တွေ့ရာမြင်ရာလေးတွေလည်း..ရိုက်မိရိုက်ရာ ရိုက်လာပါသေးတယ်
အခုတော့ transfer မလုပ်ရသေးလို့..နောက်နေ့မှပဲ ပုံတွေ တင်တော့မယ်

2 comments:

  1. အဲလိုပဲ ကိုယ်လိုချင်တာ ရသွားပြီ အဆင်ပြေသွားပြီဆို ဘုရားတရား ပြန်မေ့တာ။ တို့လဲ နံပါတ် ၁။
    မောင်နဲ့ ငွေနှင်းညီက တစ်ယောက်ထဲလား။ နှစ်ကိုယ်ခွဲလား...။

    ReplyDelete
  2. နှစ်ကိုယ့်တစိတ်ပါ...

    ReplyDelete