Friday, May 29, 2009

South Africa 1

သူများတွေ စီးရီးထုတ်တာမြင်လို့ အားကျတာနဲ့ နံပါတ်စဉ်လေးထိုးလိုက်တယ် ..

19th Nematology Symposium of South Africa (NSSA) ကို မေ ၁၇ ၇က်ကနေ ၂၁ ရက်နေ့အထိ တောင်အာဖရိက နိုင်ငံ Mpumalanga District မှာရှိတဲ့ Casa do Sol Resort, Hazyview မှာလုပ်ပါတယ် ..အကြောင်းပေါင်းသင့်သွားတော့ ရောက်ဖြစ်လိုက်ပါတယ် ..

Belgium-Leuven ကနေ Brussels ကို ရထား မိနစ် ၃၀၊ Brussels ကနေ Paris -Charles de Gaulles လေဆိပ်ကို ရထား ၁ နာရီခွဲ.. transit ၂ နာရီပါ ထိုမှတဆင့် တောင်အာဖရိက မြို့တော် Johannesberg ကို Air France နဲ့၁၀နာရီ (လေဆိပ်မှာ transit ၆နာရီပါ ...စိတ်ပျက်လက်ပျက် အမုန်းစောင့်ရပါတယ်..လူက အိပ်ချင်လှပြီ) Johannesberg-Nelspruit SA Airlines ၁နာရီခွဲပါ......လေဆိပ်မှာ symposium delegates တွေအတွက် accomodation စီစဉ်ပေးတဲ့ travel agency ကလူတွေလာကြိုပါတယ် ကိုယ်က hand carry လေးတခု ကွန်ပျူတာလေး ၁လုံးပဲဆိုတော့ ဘာမှရွေးစရာမလို၊ ရှေ့ဆုံးက ထွက်လာ အပြင်ကို အရင်ဆုံးရောက်ပါတယ်... ထို့ကြောင့် ..........သူများတွေ baggage ရွေးတာကို ပြန်စောင့်ရပါတယ် .. Johannesberg မှာ လေယာဉ်စောင့်နေကထဲက သူများတွေ စာတမ်းတင်မယ့် ပိုစတာလေးတွေကိုင်ပြီး ကိုယ့်အနားလာထိုင်စောင့်နေတာတွေ့တော့ ဒီလူတွေ ငါနဲ့ “တလေထဲပျံ တနေရာထဲ” ရောက်မယ့်လူတွေဆိုတာမှန်းမိပါတယ် ....
သို့သော်လည်း မသိချင်ယောင်ဆောင်နေခဲ့ပါတယ် ....ခုတော့ မသိချင်ယောင်ဆောင်လို့ မရတော့ပါ ...စောင့်ရပါတယ် ၃၀ မိနစ်ပါ... လေဆိပ်မှ တည်းခိုရာဆီ ကားတဆင့် ၁နာရီပါ ....
တောင်အာဖရိက နဲ့ ဘယ်လဂျီယမ် အချိန်(time zone) အတူတူပါ
ထို့ကြောင့် ကြာချိန်ပေါင်း = ၂၃ နာရီ ၃၀ မိနစ်ပါ
တည်းခိုရမယ့် "Arn de Vielt Guest house" ကိုရောက်တော့ ညနေ ၆နာရီ ထိုးပါပြီ (အပေါ်မှာတွက်လာတာ မှန်ပါတယ်...မနေ့က ညနေ ၆နာရီခွဲက စတင်ထွက်ခွါခဲ့တာပါ)...

ဟိုတည်မှာမတည်းနိုင်ပါ..ကျောင်းသားတွေဆိုတော့ ဘက်ဂျက် အခြေအနေ အရပါ.. အဲဒီ Guest house မှာတည်းတာ Stellenbosh University က ၄ယောက်၊ Russia က ၁ယောက်၊ Belgium က ၁ယောက် ..ပေါင်းကျောင်းသူ ၆ယောက်ပါ။

ကားနဲ့လာကြိုတဲ့လူက Richard ပါတဲ့ ...အဆောင် (ပဲထားပါတော့) ကိုရောက်တော့ ကို Richard ကပြောပါတယ် ၇ နာရီမတ်တင်းပြန်လာကြိုမယ်တဲ့။ Welcome Drink Reception က ၇ နာရီမှာ စမှာပါတဲ့....... အဆောင်ရောက်ရင်တော့ ထိုးအိပ်တော့မယ်လို့ပြင်ထားတာ ဒုက္ခရောက်သွားပါတယ်.... အိပ်ယာကြီးကို မျက်စောင်းမထိုးပဲ လန်းသွာအောင်ရေ တန်းချိုးရပါတယ်... အိပ်ယာပေါ်လှဲမိရင် ထရမှာ မဟုတ်တော့လို့ပါ။

ဒါနဲ့ပဲ Casa do Sol ကိုရောက်ပါတယ်။လဆန်းထဲက ကြိုတင်ရောက်ရှိနေသော ဆရာသမားကို လှမ်းအမြင် အပြေးလိုက်နှုတ်ဆက်ရပါတယ်။ ကိုယ်က အာဖရိက မှာအစိမ်းသက်သက်ဆိုတော့ ဆရာက South African Classical Nematologists တွေနဲ့မိတ်ဆက်ပေးမယ်၊ သူ့နောက်ကလိုက်ခဲ့ဆို လို့ လိုက်ရပါတယ်၊ ပြုံးပြရပါတယ်။ လက်ဆွဲနှုတ်ဆက်ရင်းတွေ့ရတာ ဝမ်းသာကြောင်းပြောရပါတယ်... ရီရီဝေဝေ မျက်လုံးလေးအစုံနဲ့ပေါ့လေ..အဲဒီ့အချိန် လူကခေါင်းတွေလည်းတော်တော်မူးနေပါပြီ ..

နောက်နေ့ပြန်တွေ့တော့လူတွေကိုပဲမှတ်မိပါတယ်..နာမည်တွေမသိတော့ပါ...
အစကပြန်မှတ်ရပါတယ်
Fruit Cocktail မှာသောက်တာ ချဉ်တယ် ...အဆင်မပြေဘူး လူက ချိုချိုအေးအေးလေးသောက်ချင်နေတာ..
waiter တွေအနားရောက်လာရင် ဗန်းပေါ်ပါလာတဲ့ တခုခုကောက်ဆွဲစားလိုက်လုပ်ပြီးကြိုးစားကြည့်ပါတယ်...
ဒါလည်း ရီဝေဆဲပါ.......

ခဏနေတော့ SA nematology association ရဲ့ President ကနှုတ်ဆက်စကားပြောပါတယ်...
တကယ်ဝမ်းသာတာက သူစကားပြောပြီးမှ ပါ... တီးလုံးသံ ဒုံချမ်းခွပ်ခွပ်တွေကြားပြီး လူ ၇ယောက်က မိုက်ကိုင်ပြီးထွက်လာတာကိုး............
မျက်လုံးနည်းနည်းကျယ်လာပါတယ်...သိပ်မရီဝေတော့ပါဘူး........... စစချင်းတော့ တီးဝိုင်းမတွေ့တော့ ကိုယ့်ဆီမှာလို “ကားရားအိုးကီး” မှတ်တာ...သီချင်းတပုဒ်ပြီးတော့မှ ခေါင်းဆောင်က သူတို့ အုပ်စု သီချင်းဆိုတာမှာဘာ musical instrument မှမသုံးပါကြောင်း...အားလုံးသောအသံတွေကို ပါးစပ်နဲ့ပဲဖန်တီးတာဖြစ်ကြောင်းပြောပြီး တဦးချင်းစီနဲ့ သူတို့ လုပ်တဲ့ အသံတွေကိုမိတ်ဆက်ပေးပါတယ်... အသံတုသမားလည်းပါပါတယ်...မိန်းမသံဆိုသူလည်းပါပါတယ်...ဘေ့စ်သံ၊ ဒရမ်သံ .... အဲဒီတော့မှ တောသားမြို့ရောက်လည်း...အော် ဂလိုကိုးဆိုပြီးသဘောပေါက်ပါတယ်... ရိုက်လာတာလေးတင်ပေးထားပါတယ်...အားပေးကြပါဦး
တော်တော်လည်းတော်ကြပါတယ် ..(ကြော်ငြာပါ)
Band နာမည်ကတော့ Vocalist Band ဆိုလားဝါးတားတားပါပဲ




၁၀ နာရီခွဲတော့ လူကလည်းဟန်သာဆောင်ပြီးတင်းနေရတာ..သိပ်ကမဟန်ချင်တော့တာရော..
မနက်လည်းစောစောထရမှာကြောင့် စိတ်တူကိုယ်တူ အဆောင်ပြန်လစ်ကြပါတယ်....

ကို Richard ပဲလိုက်ပို့ပါတယ်။ သူပဲတလျှောက်လုံး ကြိုပို့ပါ...
အဆောင်ရောက်တော့ သူကပြောပါတယ်......ငါမနက် ၇ နာရီမထိုးခင် ၁၀ မိနစ်ရောက်မယ်တဲ့....ဗုဒ္ဓေါ..အခုပဲ ၁၁ နာရီ ထိုးနေပြီ ..မနက် ရနာရီမထိုးခင် ၁၀ မိနစ်တဲ့လို့ စိတ်ထဲကတွက်ချက်ပြီး ....သူ့စကားဆုံးတာနဲ့ မြန်မြန်နှုတ်ဆက်... အခန်းကိုအမြန်ပြေး...မြန်မြန်ပျော်အောင်အိပ်ရပါတယ်... ၆နာရီ alarm လေးပေးပြီးပေါ့
------------------။-------------။---------------------
မနက်ဖြန် ဆက်တင်နိုင်အောင်ကျိုးစားပါမည်။

No comments:

Post a Comment