Friday, May 29, 2009
South Africa 2
မနက် ၆ နာရီထ အဆင်သင့်လုပ်ပြီး ထိုင်စောင့်ပါတယ်..တံခါးဖွင့် အပြင်ထွက်နေမယ်လုပ်တော့ တံခါးကလုံးဝဖွင့်မရပါ...အမျိုးမျိုးကြိုးစားပေမယ့် ဘယ်လိုမှ မရတာကြောင့် စိတ်ပျက်လက်ပျက်ထိုင်နေတုန်း သူများအသံတွေကြားတာနဲ့ ပြတင်းပေါက်လေးဖွင့် လှမ်းခေါ်ပြီး ငါတံခါးဖွင့်မရလို့ဆိုတော့ သူကသော့ပေး အပြင်ကဖွင့်ပေးမယ်တဲ့...Caro ဆိုတဲ့ Stellenbosh Uni က Hon: တန်းတက်နေတဲ့ကောင်မလေးပါ...
သွက်သွက်လက်ပြင်ပြင်ဆင်ဆင် ..ခင်ချင်စရာကောင်းသူလေးပါ (တံခါးဖွင့်မရတဲ့ ၃ကြိမ်မှာ ၂ ကြိမ် သူကချည်းအပြင်ခေါ်ထုတ်ပေးတာကိုး)
၇ နာရီမထိုးခင် ၁၀မိနစ် ကိုရစ်ချက် ရောက်ပါတယ်.... ဟိုတယ် ရောက်တော့မနက်စာစား ..English Breakfast တကယ့် ဟဲဗီးပါ.. (အမှန်တော့ သက်သာအောင် တည်းခိုခန်းငှားတာ..မနက်စာမပါပါဘူး..
သို့သော်လည်းကံကောင်းချင်တော့ နေ့တိုင်းဟိုတယ်မှာ မနက်စာ အလကားစားရပါတယ်...ခရီးစဉ်တခုလုံး အသွားတုန်းက လေယာဉ်ပြောင်းဖို့ ၆နာရီ စောင့်နေတုန်း ဝယ်စားတာပဲ အစားအသောက်အတွက် ပိုက်ဆံကုန်ပါတယ်။ အဲဒါနဲ့ ပါတ်သတ်လို့ တော်တော်စိတ်ဆိုးပါတယ် :D)
ပြီးတော့ ၈နာရီဖွင့်ပွဲ ... ဆရာသမားက ကိုယ်ဝင်လာတာမြင်တော့ လှမ်းခေါ်ပါတယ်။ သူတို့ နားမှာ ခုံရှိတယ် လာထိုင်မလား နင့် သူငယ်ချင်းတွေနဲ့ပဲထိုင်မှာလားတဲ့ ။ ဟုတ်ကဲ့ လိုက်ထိုင်ပါမယ်ပြောပြီးလိုက်သွားရတယ် ။ ဂျာမနီက Prof. Sikora က Opening Speech ပြောပါတယ်။
သူပြီးတော့ ကိုယ်တို့ Lab က တယောက် စာတမ်းစဖတ်ပါတယ်။ ၅ ယောက်ဖတ်ပြီးတော့ မနက်ပိုင်း session ပြီး coffee break ။ အဲဒီ့အချိန်မှ organizer ဆီသွားပြီး Program schedule, Proceeding book, symposium bag တွေထုတ်ရပါတယ်။ အဲတော့မှ ကိုယ်ဘယ်အချိန်စာတမ်းဖတ်ရမလဲသိရပါတယ်....နောက်ဆုံးနေ့ ၂၀-၅-၀၉ မှပါ..Session 11, မနက် ၉ နာရီပါ..အဝေးကြီး..နောက်ဆုံးနေ့မှ ..အေးအေးဆေးဆေး ဆိုပြီးစိတ်ပေါ့သွားပါတယ်...
symposium bag ထဲမှာပါတာလေးတွေ...
တနေကုန် ခန်းမထဲထိုင်ပြီး သူများတွေစာတမ်းဖတ်တာနားထောင် ခေါင်းထဲက မရောက်တချက် မဝင်တဝက်....
ကိုယ်စိတ်ဝင်စားတာက ညနေမှ ... Program schedule ထဲမှာ ဒီလိုဆိုထားပါတယ် “16:00 - Sunset Drive in Kruger National Park”တဲ့
တကယ်တော့ ညနေ ၅နာရီလောက်မှ ဟိုတယ်က စထွက်ဖြစ်ပါတယ်... ၄၅ မိနစ်မောင်းရတယ် ...ဟိုရောက်တော့ ကိုယ်ရတဲ့ symposium bag က သော့ချိတ်ပုံ အကောင်လေးတွေအတိုင်း ကား ၅ စီးခွဲစီးကြပါတယ် ... ကိုယ်နဲ့ Lab ကတယောက်က buffalo အတူတူ ဆိုတော့ တကားထဲ ... Prof. က crocodile မို့ သတ်သတ်တကား....
(မနက်က ဘယ်သူ ဘယ်ကားလဲ ..တူမတူသိအောင် လိုက်ကြည့် ရင်း ဆရာသမား အိတ်က သော့ချိတ်ကို ကြည့်ပြီး ကိုယ်က ပြောလိုက်တာ..ဟင် နင် lizard က ကြီးလို့..အမှန်တော့ အဲဒါ crocodile ပါတဲ့ ။ ကိုယ်က အဲလို ပြောတော့ South African တွေက ရယ်ကြတယ်...lizard မှန်း crocodile မှန်း မကွဲလို့တဲ့လေ.... အနိုင်ပိုင်းပြီး ပြန်မပြောခဲ့ရဘူး နင်တို့ဆီက မိကျောင်းက ငါတို့ဆီက အိမ်မြှောင်သာသာ ပဲရှိတယ်လို့ :D)
ကားပေါ်မှာနေရာယူပြီးကြတော့ ကားသမားက တက်လာပြီး အစီအစဉ်တွေ ..ဆောင်ရန် ရှောင်ရန်တွေ ပြောပြပါတယ်.. ပြီးတော့ပြောပါသေးတယ် သူဘာကိုမှ အာမ မခံပါဘူးတဲ့ ... သူ့ခရီးစဉ်အတိုင်းမောင်းမှာဖြစ်လို့ လမ်းမှာ ဘာကောင်တွေ့မယ် မတွေ့ဘူးဆိုတာ သူဘာမှ အာမ မခံပါတဲ့ ။ သူကတော့ အကောင်းဆုံးဖြစ်အောင် ကျိုးစားမှာပါတဲ့ .. အပြန်မှ သူ့ကို အပြစ်မတင်ဖို့ အကြောင်းကြိုတင် သတင်းစာ ရှင်းလင်းသွားတာပါ... (သူလည်းဘယ်နှခါ အပြောခံထိပြီးပြီလဲမသိ)
တော်တော်လည်းအပြောကောင်းတဲ့လူပါ..ပြုံးပြုံးနဲ့... အောက်မှာ ရှုပါ...
ဒီလိုနဲ့ပဲ ကားကြီးလည်းမောင်းထွက်ပြီးပေါ့ကွယ်....စစချင်း ဘယ်သူ့မှလူမထင် ဂရုမစိုက်ပဲ ငါတို့လမ်းကူးလိုက်ဦးမယ် ..မင်းတို့ကား ခဏနေဦးဆိုတဲ့ ဆင်အုပ်နဲ့တွေ့ပါတယ်။
စစချင်း ဆင်အုပ်နဲ့ ဈေးဦးဖောက်တဲ့အတွက် တာထွက်ကောင်းတယ်ဆိုရပါမယ်
ပြီးတော့ အောက်က အကောင်ပလောင်တွေ ထပ်တွေ့ပါတယ်..........
သေချာမြင်အောင်ကြည့်နော်...သစ်ပင်တွေအနားမှာ သစ်ကုလားအုပ်ကြီး ရှိတယ်....
ဒါ့အပြင် ရေထဲကနေ မျက်စိလေးပဲပြူးပြနေတဲ့ hippo... ချုံပုတ်ထဲက ချိုကားကားကြီးတွေပဲလှမ်းမြင်ရတဲ့ buffalo...သစ်ပင်ပေါ်က မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ ဇီးကွက် စတာတွေလည်းတွေ့ခဲ့ပါသေးတယ်.........
ကျန်တဲ့ အဖွဲ့တွေကတော့ အပေါ်က အကောင်တွေအပြင် lion , leopard
ဆိုတာတွေကိုလည်းတွေ့ခဲ့ပါသေးတယ်တဲ့...............
ဒါကြောင့် ကားသမားက ကြိုပြောထားတာနေမှာ...သူ့ကိုအပြစ်မတင်ဖို့အကြောင်း
တော်တော်မှောင်လာတော့ (၉နာရီလောက်ရှိပါပြီ).... ပြန်ထွက်ခဲ့ကြပါတယ်....
လမ်းမှာလေတွေက တိုက်လိုက်တာလွန်ရော..... အေးလိုက်တာ... စုရပ်ရောက်တော့ ကိုယ်တို့ကား က အရင်ဆုံး...အားလုံး အပြေးဆင်းပြီး...ရည်ရွယ်ရာ တခုထဲဆီ ချီတက်ကြပါတယ်...
လေတိုက်တာရော...အေးတာရော...သောက်ထားတဲ့ အရည်တွေကရော စုပေါင်းပြီးတိုက်စစ်ဆင်နေကြတာကိုး
သိပ်မကြာပါဘူး...ကားတွေအကုန်လုံးရှေ့ဆင့်နောက်ဆင့် ပြန်ရောက်လာပါတယ်...
လူစုံတော့ ဟိုတယ်ပြန်မောင်း...အပြန်၄၅မိနစ်ခရီး တော့ ကားပေါ်မှာအိပ်ပျော်တချက် မပျော်တချက်ပါ....
ဟိုတယ်ရောက်တော့ ညစာအသင့်...ပူပူလေးစားသောက်ပြီး ၁၁ နာရီထိုးတော့ အဆောင်ပြန်လာကြပါတယ်...
ပင်ပန်းလိုက်တာ...ဒါပေမယ့် ပျော်တယ်....
ဒါနဲ့ စကားမစပ် အခု လုပ်တဲ့ အဆောက်အဦက ဒီ symposium အမှီ အသစ်ဆောက်ပေးတာပါတဲ့ ....နောက်ဆုံးနေ့မှ President ကပြောပြလို့ သိရတယ် ... ဟုတ်တယ်၊ ဘေးဘက်က အကာတွေတောင်မပြီးသေးတော့ တာလပတ်အထူတွေကာထားတာ... ဘာမှမသိခင်ကတည်းက ဖွင့်တဲ့နေ့တွေ့တော့ သူလည်း ဖေဖော်ဝါရီ ၁၃ ၂၀၀၉...... ငွေနှင်းညီနဲ့ တနေ့တည်းမွေးတာမို့
တခုတ်တရ ဓါတ်ပုံရိုက်လာတယ်...
South Africa 1
19th Nematology Symposium of South Africa (NSSA) ကို မေ ၁၇ ၇က်ကနေ ၂၁ ရက်နေ့အထိ တောင်အာဖရိက နိုင်ငံ Mpumalanga District မှာရှိတဲ့ Casa do Sol Resort, Hazyview မှာလုပ်ပါတယ် ..အကြောင်းပေါင်းသင့်သွားတော့ ရောက်ဖြစ်လိုက်ပါတယ် ..
Belgium-Leuven ကနေ Brussels ကို ရထား မိနစ် ၃၀၊ Brussels ကနေ Paris -Charles de Gaulles လေဆိပ်ကို ရထား ၁ နာရီခွဲ.. transit ၂ နာရီပါ ထိုမှတဆင့် တောင်အာဖရိက မြို့တော် Johannesberg ကို Air France နဲ့၁၀နာရီ (လေဆိပ်မှာ transit ၆နာရီပါ ...စိတ်ပျက်လက်ပျက် အမုန်းစောင့်ရပါတယ်..လူက အိပ်ချင်လှပြီ) Johannesberg-Nelspruit SA Airlines ၁နာရီခွဲပါ......လေဆိပ်မှာ symposium delegates တွေအတွက် accomodation စီစဉ်ပေးတဲ့ travel agency ကလူတွေလာကြိုပါတယ် ကိုယ်က hand carry လေးတခု ကွန်ပျူတာလေး ၁လုံးပဲဆိုတော့ ဘာမှရွေးစရာမလို၊ ရှေ့ဆုံးက ထွက်လာ အပြင်ကို အရင်ဆုံးရောက်ပါတယ်... ထို့ကြောင့် ..........သူများတွေ baggage ရွေးတာကို ပြန်စောင့်ရပါတယ် .. Johannesberg မှာ လေယာဉ်စောင့်နေကထဲက သူများတွေ စာတမ်းတင်မယ့် ပိုစတာလေးတွေကိုင်ပြီး ကိုယ့်အနားလာထိုင်စောင့်နေတာတွေ့တော့ ဒီလူတွေ ငါနဲ့ “တလေထဲပျံ တနေရာထဲ” ရောက်မယ့်လူတွေဆိုတာမှန်းမိပါတယ် ....
သို့သော်လည်း မသိချင်ယောင်ဆောင်နေခဲ့ပါတယ် ....ခုတော့ မသိချင်ယောင်ဆောင်လို့ မရတော့ပါ ...စောင့်ရပါတယ် ၃၀ မိနစ်ပါ... လေဆိပ်မှ တည်းခိုရာဆီ ကားတဆင့် ၁နာရီပါ ....
တောင်အာဖရိက နဲ့ ဘယ်လဂျီယမ် အချိန်(time zone) အတူတူပါ
ထို့ကြောင့် ကြာချိန်ပေါင်း = ၂၃ နာရီ ၃၀ မိနစ်ပါ
တည်းခိုရမယ့် "Arn de Vielt Guest house" ကိုရောက်တော့ ညနေ ၆နာရီ ထိုးပါပြီ (အပေါ်မှာတွက်လာတာ မှန်ပါတယ်...မနေ့က ညနေ ၆နာရီခွဲက စတင်ထွက်ခွါခဲ့တာပါ)...
ဟိုတည်မှာမတည်းနိုင်ပါ..ကျောင်းသားတွေဆိုတော့ ဘက်ဂျက် အခြေအနေ အရပါ.. အဲဒီ Guest house မှာတည်းတာ Stellenbosh University က ၄ယောက်၊ Russia က ၁ယောက်၊ Belgium က ၁ယောက် ..ပေါင်းကျောင်းသူ ၆ယောက်ပါ။
ကားနဲ့လာကြိုတဲ့လူက Richard ပါတဲ့ ...အဆောင် (ပဲထားပါတော့) ကိုရောက်တော့ ကို Richard ကပြောပါတယ် ၇ နာရီမတ်တင်းပြန်လာကြိုမယ်တဲ့။ Welcome Drink Reception က ၇ နာရီမှာ စမှာပါတဲ့....... အဆောင်ရောက်ရင်တော့ ထိုးအိပ်တော့မယ်လို့ပြင်ထားတာ ဒုက္ခရောက်သွားပါတယ်.... အိပ်ယာကြီးကို မျက်စောင်းမထိုးပဲ လန်းသွာအောင်ရေ တန်းချိုးရပါတယ်... အိပ်ယာပေါ်လှဲမိရင် ထရမှာ မဟုတ်တော့လို့ပါ။
ဒါနဲ့ပဲ Casa do Sol ကိုရောက်ပါတယ်။လဆန်းထဲက ကြိုတင်ရောက်ရှိနေသော ဆရာသမားကို လှမ်းအမြင် အပြေးလိုက်နှုတ်ဆက်ရပါတယ်။ ကိုယ်က အာဖရိက မှာအစိမ်းသက်သက်ဆိုတော့ ဆရာက South African Classical Nematologists တွေနဲ့မိတ်ဆက်ပေးမယ်၊ သူ့နောက်ကလိုက်ခဲ့ဆို လို့ လိုက်ရပါတယ်၊ ပြုံးပြရပါတယ်။ လက်ဆွဲနှုတ်ဆက်ရင်းတွေ့ရတာ ဝမ်းသာကြောင်းပြောရပါတယ်... ရီရီဝေဝေ မျက်လုံးလေးအစုံနဲ့ပေါ့လေ..အဲဒီ့အချိန် လူကခေါင်းတွေလည်းတော်တော်မူးနေပါပြီ ..
နောက်နေ့ပြန်တွေ့တော့လူတွေကိုပဲမှတ်မိပါတယ်..နာမည်တွေမသိတော့ပါ...
အစကပြန်မှတ်ရပါတယ်
Fruit Cocktail မှာသောက်တာ ချဉ်တယ် ...အဆင်မပြေဘူး လူက ချိုချိုအေးအေးလေးသောက်ချင်နေတာ..
waiter တွေအနားရောက်လာရင် ဗန်းပေါ်ပါလာတဲ့ တခုခုကောက်ဆွဲစားလိုက်လုပ်ပြီးကြိုးစားကြည့်ပါတယ်...
ဒါလည်း ရီဝေဆဲပါ.......
ခဏနေတော့ SA nematology association ရဲ့ President ကနှုတ်ဆက်စကားပြောပါတယ်...
တကယ်ဝမ်းသာတာက သူစကားပြောပြီးမှ ပါ... တီးလုံးသံ ဒုံချမ်းခွပ်ခွပ်တွေကြားပြီး လူ ၇ယောက်က မိုက်ကိုင်ပြီးထွက်လာတာကိုး............
မျက်လုံးနည်းနည်းကျယ်လာပါတယ်...သိပ်မရီဝေတော့ပါဘူး........... စစချင်းတော့ တီးဝိုင်းမတွေ့တော့ ကိုယ့်ဆီမှာလို “ကားရားအိုးကီး” မှတ်တာ...သီချင်းတပုဒ်ပြီးတော့မှ ခေါင်းဆောင်က သူတို့ အုပ်စု သီချင်းဆိုတာမှာဘာ musical instrument မှမသုံးပါကြောင်း...အားလုံးသောအသံတွေကို ပါးစပ်နဲ့ပဲဖန်တီးတာဖြစ်ကြောင်းပြောပြီး တဦးချင်းစီနဲ့ သူတို့ လုပ်တဲ့ အသံတွေကိုမိတ်ဆက်ပေးပါတယ်... အသံတုသမားလည်းပါပါတယ်...မိန်းမသံဆိုသူလည်းပါပါတယ်...ဘေ့စ်သံ၊ ဒရမ်သံ .... အဲဒီတော့မှ တောသားမြို့ရောက်လည်း...အော် ဂလိုကိုးဆိုပြီးသဘောပေါက်ပါတယ်... ရိုက်လာတာလေးတင်ပေးထားပါတယ်...အားပေးကြပါဦး
တော်တော်လည်းတော်ကြပါတယ် ..(ကြော်ငြာပါ)
Band နာမည်ကတော့ Vocalist Band ဆိုလားဝါးတားတားပါပဲ
၁၀ နာရီခွဲတော့ လူကလည်းဟန်သာဆောင်ပြီးတင်းနေရတာ..သိပ်ကမဟန်ချင်တော့တာရော..
မနက်လည်းစောစောထရမှာကြောင့် စိတ်တူကိုယ်တူ အဆောင်ပြန်လစ်ကြပါတယ်....
ကို Richard ပဲလိုက်ပို့ပါတယ်။ သူပဲတလျှောက်လုံး ကြိုပို့ပါ...
အဆောင်ရောက်တော့ သူကပြောပါတယ်......ငါမနက် ၇ နာရီမထိုးခင် ၁၀ မိနစ်ရောက်မယ်တဲ့....ဗုဒ္ဓေါ..အခုပဲ ၁၁ နာရီ ထိုးနေပြီ ..မနက် ရနာရီမထိုးခင် ၁၀ မိနစ်တဲ့လို့ စိတ်ထဲကတွက်ချက်ပြီး ....သူ့စကားဆုံးတာနဲ့ မြန်မြန်နှုတ်ဆက်... အခန်းကိုအမြန်ပြေး...မြန်မြန်ပျော်အောင်အိပ်ရပါတယ်... ၆နာရီ alarm လေးပေးပြီးပေါ့
------------------။-------------။---------------------
မနက်ဖြန် ဆက်တင်နိုင်အောင်ကျိုးစားပါမည်။
Thursday, May 28, 2009
နေ့တာအရှည်ဆုံးနေ့ (De Langest Dag 20 Juni, Leuven)
ဒါကြောင့် ဘေးနားက အတူလျှောက်လာတဲ့ သူငယ်ချင်း၂ ယောက်ကို “ဟေ့ ဟိုမှာကြည့်စမ်း ဇွန်လ ၂၀ ရက် ကနေ့တာအရှည်ဆုံးတဲ့” လို့ အားရဝမ်းသာလှမ်းပြလိုက်ပါတယ်။ ကိုယ်က ဂလောက်ပဲသိတာပါ။
သူတို့ကိုပြလိုက်မိတာကိုပဲ ကိုယ့်ကို ကိုယ် ပြန်ကျေးဇူးတင်မိပါတယ်....
သူတို့က ကိုယ့်ကိုပြန်ရှင်းပြသွားလို့ပါ...
အဲဒီနေ့မှာ ဆိုင်တွေအကုန်လုံး လမ်းပေါ်ထွက်ရောင်းကြတယ်တဲ့။ နေ့လည် စတိတ်ရှိုးတွေရှိပါမယ်တဲ့ .....စိတ်ဝင်စားစရာ.....
ဒီထက်ပို စိတ်ဝင်စားဖို့ကောင်းတာက ....ဈေးဆိုင်တွေအားလုံး Discount နဲ့ရောင်းမှာတဲ့ (50-70%)။ တနှစ်လုံး မှာ Discount အများဆုံး ရတဲ့နေ့ပါတဲ့....
ဒါပေမယ့် သတိထားဖို့ကတော့ ဝီရိယ ရှိရှိနဲ့ ဆိုင်ဖွင့်ချိန် စောစောကြိုရောက်နေမှပါတဲ့ ။ နို့မို့ ဘယ်လဂျီယန်တွေ တိုးမပေါက်ပါတဲ့။ သူကထပ်ပြောသေးတယ်...သူတို့မှာလည်းရှိပြီးသားတွေကို၊လိုလည်းမလိုပဲနဲ့တဲ့.....
မှန်လိုက်တာ....ဆိုပြီးအပြည့်အဝထောက်ခံပါတယ်...
ဒီနှစ်တော့ ဘယ်လဂျီယန်တွေက "ငါတို့မှာရှိပြီးသား၊ တို့လို ပုံမှန်ဈေးနဲ့မဝယ်နိုင်ရှာတဲ့ Asian တွေဝယ်ပါစေ" ဆိုပြီးနောက်ဆုတ်ပေးနေရင်သိပ်ကောင်းမှာ..လို့တွေးမိပါတယ်
အရမ်းကို စိတ်ဝင်စားတာကြောင့် အခန်းပြန်ရောက်တော့ De Langest Dag.be ဆိုရိုက်ထည့်ပြီး internet မှာရှာကြည့်လိုက်တော့ အောက်ပါအတိုင်းတွေ့ပါတယ်။
Welkom op de 24ste Langste Dag in Leuven
Onze sinds vele jaren succesvolle en geanimeerde braderie ‘De Langste Dag’ heeft in 2009 plaats op zaterdag 20 juni. In Heverlee (verkeersvrije Naamsesteenweg) kan u op zondag 21 juni terecht voor een heuse braderie.
De Langste Dag, een organisatie van Middenstand Groot Leuven (MGL) is omwille van de zeer brede regionale uitstraling en de aangeboden animatie uniek in Vlaanderen en zorgt voor heel fijne shoppingmomenten voor zowel de winkelende bezoekers als de Leuvense handelaars. Deze laatsten kunnen zich onderscheiden door meer dan tien dagen vóór de eigenlijke soldenperiode reeds een prijzenkorting toe te kennen aan hun klanten.
Zaterdag 20 juni 2009 kan je in een verkeersvrije binnenstad naar hartenlust shoppen in vele honderden winkels. De straten worden opgevrolijkt door visuele animatiegroepen uit binnen- en buitenland. Op deze lange winkeldag staan ook de Leuvense terrasjes uitnodigend op u te wachten!
Op de overige pagina's van deze website kan u meer praktische informatie vinden en krijgt u een terugblik naar de Langste Dagen van 2008 en 2007.
Contact-nummer algemeen coördinator: 0495 467 169 (Mady)
E-mail: mady@delangstedag.be
Organisator: Middenstand Groot Leuven vzw / Handelen in Leuven vzw
အပေါ်ယံရှပ်ပြီးဖတ်ကြည့်ပါတယ်။ တော်တော်သိလိုက်ပါတယ် ...အတိအကျမဖတ်တာ အကြောင်းရှိပါတယ်။ Dutch လိုက ဖြီးရုံ ဖျန်းရုံ ရိပ်ဖန်းသံဖန်းလောက်သာ ရတာပါ။ ဆိုတော့ကာ အပင်ပန်းခံပြီးသေချာဖတ်စရာ မလိုဘူးလေ... တတ်မှမတတ်တာ...ကိုယ့်အတွက်ဆိုရင်တော့ ဒီလောက်ပဲရပါပြီ....ဒါပေမယ့် သေချာလည်းသိချင်ပါတယ် ...ဘာလို့ဆို ဘလော့မှာတင်ဖို့ ရည်ရွယ်တာကိုး
အဲဒီတော့ အပေါ်ကစာကို copy လုပ် ပြီး အားထားရာ Google Translator ဆီပြေးပါတယ်..... မေးပါတယ် ဒီလိုပြန်ပေးပါတယ် ....
Welcome to the 24th Longest Day in Leuven
Our many years of successful animated fair and "The Longest Day" in 2009 on Saturday, June 20. In Heverlee (traffic free Naamsesteenweg) can you Sunday, June 21 find a real fair.
The Longest Day, an organization of Middle Groot Leuven (MGL) is because of the broad regional appeal and offer unique entertainment in Flanders and provides very fine shopping moments for both visitors and shoppers the Leuven traders. The latter can be distinguished by more than ten days before the actual Solden period, a price discount to be granted to their customers.
Saturday, June 20, 2009 can be in a traffic-free city to your heart's many hundreds of shopping in stores. The streets are animated by a visual animation groups from home and abroad. On this long winkeldag also the Leuven terraces inviting you to wait!
On the other pages of this website can give you more practical information and get back to the Longest Day of 2008 and 2007.
General coordinator contact number: 0495 467 169 (Mady)
E-mail: mady@delangstedag.be
Organizer: Great Middle Leuven vzw / Trading in Leuven vzw
သိချင်တဲ့သူတွေ ကျေးဇူးပြုပြီးဖတ်ကြည့်လိုက်ပါနော်..........
အနှစ်ချုပ်ကတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်းပါပဲ ...ဒီမှာတော့ ဘယ်နေရာ။ ဘယ်ရက်၊ ဘယ်သူက ဦးဆောင်လို့..ဘယ်သူ့ကိုဆက်သွယ်ပါ... အရင်နှစ်အတွေ့အကြုံတွေပြန်ကြည့်နိုင်ပါတယ် ဆိုတာတွေပါ...
သိပ်အရေးမကြီးလှပါဘူး....အဓိက ကတော့
"Get Ready...... To have Fun and To Find somethings which are really really cheap"...........
For 20th June 2009.....
ပျင်းလိုက်ပါသည် ..
ဒီတခေါက်ကတော့ အလည်သက်သက်ပါ....
အလုပ်သဘော ကတော့ ဇွန်လ တလလုံး ဟိုတယ်ခရီးဝန်ကြီးတာဝန်ထမ်းဆောင်ရမှာပါ
တွေးပြီး စိတ်နည်းနည်း ညစ်ပါတယ်
ဖြစ်သွားမှာပါလို့လည်း ကိုယ့်ကိုကိုယ် အားပေးပါတယ်
ဟိုတပါတ်ခရီးမသွားခင်က ရွှေပြည်မြန်မာရဲ့ အပြင်လောက ကို
မည်သို့ မည်ပုံ စတင်ထွက်ခွါတယ်ဆိုတဲ့ မှတ်တမ်းလေးရေးထားမယ် ဆိုပြီး စိတ်ကူးလေးဖြစ်မိပါတယ်။
စခါစကတော့တက်တက်ကြွကြွ ချက်ချင်း အကြမ်းကောက်ရေးတာတော်တော် (ပြီးသင့်သလောက်) ပြီးနေပါပြီ
သို့သော်................
ခရီးကပြန်ရောက်တာမှာ လုံးဝလုံးဝ လုံးဝ ကို အပျင်းထူ နေတာကြောင့်
ကွန်ပျူတာထဲ မရိုက်ဖြစ်သေးပါ
အချိန်တွေကအကုန်မြန်တယ်
လုပ်စရာတွေလည်းအများကြီးရှိတယ်
သိရက်နဲ့ ဘာမှကိုမလုပ်ဖြစ်ဘူး
“အသိခေါက်ခက် အဝင်နက်” ဆိုတာလိုလေ
ခက်တယ်
Saturday, May 23, 2009
ကျေးဇူးမေမေ
ကျေးဇူးပါမေမေ....
Monday, May 11, 2009
မြစ်လယ်မှာ ချစ်လှယ်တုန်းက
မြစ်ရေပြင် လှေလူးလို့
ချစ်ဦးမယ်နှင့်မောင်
ပန်းခူးရအောင်။
လမင်းကလှောင် ၊ ကြယ်ရောင်ကပြုံး
ညဥ့်ဦးကဗျာတည်တဲ့
ငှက်ပလီ ချုံနွယ်ရိပ်မှာ
တိတ်တိတ်ကွယ်ပုန်း။
လေအေးကခုန်ပြန်
ကြင်ဦးရင်မှာမှီလို့
ဆိုတေးစီ မြစ်တစ်ကြောမှာ
စိုးတဲ့အသံ။
လှပသည့် ကာရန် ၊ ပန်းမန်မှာနား
လဝန်းတိမ်မှာကွယ်တော့
မြစ်လယ်မှုန်ဝါး။
လဝန်းတိမ်မှာကွယ်
မြစ်ယံလယ် မှုန်တဝါးမှာ
ရှက်အားကကြွယ်။
တက်ရေးဆန်းကြယ်
ကမ်းစွယ်ရိပ်အကွေ့
ကြက်သီးတလှိုင်လှိုင်ပ
မယ့်သက်ပိုင်ချို နှလုံးရယ်
ပြုံးတထေ့ထေ့။
ကမ်းဆီကို ၀ိုက်ကွေ့လို့
တရွေ့ရွေ့စိုက်လာ
ယက်ပန်းကဖွာ ။
ရွာဦးမှာ၊ သာစေတီမြတ်မြင့်မား
ဗျာဒိတ်တလွင်လွင်မို့
လည်ရှက်တင် ပုံတော်သစ်ရအောင်
ချစ်သက်သေထား ။ ။
ကြည်အေး
(တာရာ ၊ အတွဲ ၁ ၊အမှတ် ၅ ၊ ၁၉၄၇)
http://testmy2.wordpress.com/category/poem/
Sunday, May 10, 2009
တယောက်တည်းစကား
ညနေက ကဗျာတပုဒ်ကို စိတ်ထဲကမှတ်မိနေတာ
စိတ်ကလဲဘာဖြစ်မှန်းကိုမသိဘူး
အဲဒီ့ကဗျာကိုပဲပြန်ဖတ်ချင်နေတာလေ။
မတ်မိတာကလဲတပိုင်းတစ...လုံးဝအပြည့်အစုံကိုမမှတ်မိ
ဘယ်မှာဖတ်မိမှန်းလဲမသိ...
အင်တာနက်မှာရှိမှန်းတော့သိတယ်..ကြိုက်လွန်းလို့ ကျမ G talk-
custom message မှာတောင်တင်ထားသေးတာ။
ခက်တာက...ဘယ်ဆိုက်မှာမှန်းမမှတ်မိတော့တာ
မျိုးကအကြံပေးတယ်..Google မှာရှာဖို့ကို..ဒါပေမယ့် ကျမ မှတ်မိထားတဲ့စာသားကနဲနဲလွဲနေတော့ရှာမတွေ့..
နောက်တော့တဆစ်စီပိုင်းရှာမှ တွေ့တော့တယ်
ပျော်လိုက်တာ...ဟောဒါ ကျမအရူးအမူးလိုက်ရှာနေတဲ့ ကဗျာ
ဆရာ စိုင်းဝင်းမြင့်ရဲ့ကဗျာ...(ကျေးဇူးပါဆရာ)
“တယောက်တည်းစကား”တဲ့
မမြင်ရတာတွေ အာရုံမှာ မထင်စေနဲ့
တခြားအသံတွေ မကြားစေနဲ့
ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်ထား
လူအုပ်ထဲ ဖြတ်လျှောက်
တစ်ယောက်တည်းမနေနဲ့
စိတ်ကိုမနည်းထိန်းထား
ဘာရောဂါမှမဖြစ်ရင် သောက်တဲ့ဆေး
အခုသောက်ရမယ်။
(စိုင်းဝင်းမြင့်)
ကဗျာလေးက ကျမလို စိတ်လေလွင့်သူအတွက်တော့ ကိုယ့်အတွက်ရေးပေးတယ်လို့ကိုထင်တာ။
ရူးတယ်ပြောချင်လည်းပြောကြပါစေကွယ်............
http://testmy2.wordpress.com/2008/07/04/
စောင့်ခေါ်ပါ့မောင်
စောင့်ခေါ်ပါ့မောင်
ကြည့်စမ်းသည်မှာ
မြက်ပြာတောက ၊ သဲဖြူရွခင်း
အမြင်ဝိုက်ကွေး ၊ လမ်းကလေးလေ။
လမ်းလျှောက်လို့လာ၊ မေ့မှာ နွမ်းယဲ့
ကြောက်အားနွဲ့ပြီး ၊ ငိုမဲ့ချင်တုန်း
အတင်းပြုံးလဲ ၊ ခွေနုံးပါပြီ
ဖော်လဲမှီနိုင် ၊ ဟိုဆီချိုး၍
သည်မှာကွေ့ခဲ့ ၊ ပြေး၍လျှောက်လာ
ခုထိပါကွယ်။
ပုရစ်ပေါ်လို့
ရွက်ရော်ရွှေလိပ် ၊ မြေ၀ယ်အိပ်ပြီ
တိုးတိတ်ငှက်ဖို ၊ သီချင်းဆိုစဉ်
သစ်ပျိုကိုင်းကြား ၊ ငုံ့လျှိုးသွားခဲ့
မြသားမိုးခြေ ၊ ပူသည့်နေအောက်
နွေပွင့်ကိုခူး ၊ နွေလေရူးမှာ
နွေဦးကိုလဲ တွေ့ခဲ့ပါရဲ့။
သစ်ညွန့်ထွက်၍
ရှုပ်ယှက်လမ်းမှာ ၊ မြရွက်ကာဆီး
နွယ်ညှာကိုစမ်း ၊ မမြင်ကမ်းနှင့်
တိမ်ပန်းလျှပ်စစ် ၊ မှောက်မှာ ပြက်တုန်း
လေသက်မုန်တိုင်း ၊ သစ်ကိုင်းကျိုးကျွတ်
ပစ်ခတ်ထက်ချွန် ၊ ငွေမြားတန်တွေ
သည်းထန်မိုးကို တိုးခဲ့တယ်မောင်။
မိုးတိမ်လေးတွဲ့
လေအေးမြောက်ပြန် ၊ နှင်းသွန်ဆို့ပိတ်
ကိုင်းထိပ်သစ်ပင် ၊ ညို့ ညို့ မြင်ရ
ပင်ပေါ်ပန်းပွင့် ၊ ဆောင်းလေသင့်မှာ
ရှုပင့်သက်ဖို ၊ မေ့တကိုယ်လေ
စွတ်စိုချမ်းတုန် ၊ နှင်းမှုန်မှုန်တို့
ဖုံသည်လမ်းမှာ ပန်းခဲ့ပါရှင့်။
လက်ကမ်းပါမောင်
ညင်သာမွေ့မွေ့ ၊ အဖော်တွေ့ကြောင့်
ဆွေ့ဆွေ့ခုန်ပေါက် ၊ လမ်းဆက်လျှောက်မယ်
နှစ်ယောက်လက်တွဲ ၊ တအားပဲဟင်
သဲလမ်းကျဉ်းကျဉ်း ၊ လမ်းလျှောက်ရင်းကို
သီချင်းကြော်ကြော် ၊ အော်ဆိုရအောင်
ချိုမြမျက်ရည် ၊ ပျော်လို့လည်မိ
သည်လမ်းအဆုံး ၊ တုံးမှတ်တိုင်ထိ
ပွေ့ကိုင်ဖေးကာ စောင့်ခေါ်ပါနော် ။ ။
ကြည်အေး
၁၉၄၉ခုနှစ်၊ မေလ ၊ ရှုမ၀ မဂ္ဂဇင်း
http://testmy2.wordpress.com/category/poem/page/2/
Saturday, May 9, 2009
အိမ်တွင်းအလှဆင်
ကြည့်ရတာပိုရှင်းသွားသလိုပဲ
အခုထိတော့မျက်စိထဲမှာ အဆင်ပြေလှနေသေးတယ်။
Friday, May 8, 2009
ခလုတ်ထိမှအမိတ
ဒီနေ့မနက် သံရုံးသွား ဗီဇာတင်ပါတယ်။ နောက်တပါတ်ကြာသာပတေး...ပြန်လာပါတဲ့...
....အဆင်မပြေ ခံနိုင်ရိုးလား... ဗီဇာတင်ရမယ့်ရက်ရောက်နေပြီ
လက်ထဲမှာ ဗီဇာတင်ရင် အဓိက ပြရမယ့် invitation letter နဲ့ insurance proof ကမရှိသေးတော့ လူက ပူလှပြီ....
(invitation letter က email နဲ့ပို့ထားပေးတာရှိပါတယ်။သို့ပါသော်လည်း... ကြီးကျယ်တော်မူလှတဲ့သံရုံးက email, fax လက်မခံပါတဲ့....လူကသာအပြင်ပန်းကပူနေတာ...
သံရုံးကလူတွေကိုတော့...နေနှင့်ဦးပေါ့လို့စိတ်ထဲကတော့ကြိမ်းပါတယ်။)
ဒါနဲ့........ဘာလုပ်ရမှန်းမသိတော့.....မနေ့ကအိမ်ကိုလှမ်းပြီး အမေ့ကိုအပူကပ်ပါတယ်...
ကိစ္စတွေအဆင်ပြေအောင်ပါ..အမေလုပ်ပါဦးပေါ့လေ....“ခလုတ်ထိတော့ အမိတ” ရတော့တာပေါ့...
အမေက..အေးပါသမီးရယ်...အမေလုပ်ပေးပါမယ်တဲ့
.
.
.
.
အမေ့ဆီဖုန်းဆက်ပြီး insurance company ကိုသွားတာလည်းအဆင်ပြေ invitation letter လည်းရောက်ပြီ
ဟိုတဘက် က organizer ကိုလည်းလှမ်းပြောရပါတယ်.... invitation letter ရောက်ပါပြီလို့...
သူ့ခမျာလည်း ကျမ စာရောက်ပြီလို့ပြောလိုက်တော့မှပဲ ဟင်းချနိုင်ရှာမှာပါ...
နို့မို့ စာမရောက်မချင်း ကျမကမေးလ်တွေ ခဏ ခဏ ပို့....အပူတွေတိုက်နေတာလေ
...
.
.
ကျမယုံကြည်ပါတယ်...နောက်ဆုံးရက်မှ ကပ်ပြီးမှအားလုံးအဆင်ပြေတာ...အမေလုပ်ပေးလို့ဆိုတာကိုလေ
အော်...အမေလုပ်ပေးတာလား....ဘာမှ မဟုတ်ပါဘူး...
ကျမ က အမေ့ကို...“အမေ သမီးကိစ္စတွေနည်းနည်းအဆင်မပြေလို့...သမီးအတွက်ဘုရားရှိခိုးပေးပါလို့လေ”...
အဲဒါလေးပြောလိုက်တာပါ......
အမေဆိုတော့ မေတ္တာပါတယ်လေ....ကိုယ့်ဘာသာက ဘုရားသာရှိခိုးတာ..စိတ်ကဟိုရောက်ဒီရောက် :D
ခုတော့တော်တော်စိတ်အေးပါပြီ....မနက်ဘုရားထရှိခိုးဖြစ်ဖို့မသေချာတော့ပါ....
ကိုယ် မခိုးလည်း...အမေကတော့ သေချာပေါက် ရှိခိုးနေမှာ......ကျိန်းသေပါတယ်
ကံကောင်းရင် အမတွေလည်းရှိခိုးနေမှာ...အမကြီး ဘုရားရှိခိုးတဲ့ အသံတောင်ကြားမိနေသလိုပဲ....
သံရုံးကအပြန်..တန်းမပြန်ပဲ Brussels မှာ အနားတဝိုက်လမ်းသလား လိုက်ပါသေးတယ်။
ရထားလက်မှတ် ၉.၈၀ နဲ့ပေးပြီးဝယ်ပြီးလာရတာ တန်အောင်ပါ....
Metro စီးတာကတော့ လက်မှတ်ကို မနက် ၈း၁၅ ထဲကစက်ထဲထည့်ရိုက်ထားတာ နေ့လည်၁း၀၀ ပြန်တဲ့အထိ ထပ်မရိုက်တော့ပါဘူး....ပိုတန်အောင်ပါ......
တွေ့ရာမြင်ရာလေးတွေလည်း..ရိုက်မိရိုက်ရာ ရိုက်လာပါသေးတယ်
အခုတော့ transfer မလုပ်ရသေးလို့..နောက်နေ့မှပဲ ပုံတွေ တင်တော့မယ်
Wednesday, May 6, 2009
Visit Maung's year 2009
မနေ့က ခရီး ၁ခုကပြန်ရောက်ပါတယ်၊
ရောက်ရောက်ချင်းနောက်ခရီး ထွက်ဖို့ပြန်ပြင်ဆင်ရပြန်ပါတယ်။
ဒီတခေါက်တော့ ဗီဇာလိုတာကြောင့် ပိုအလုပ်ရှုပ်ပါတယ်။ ရောက်တာလည်း ၃လရှိပြီ။ Insurance card ကခုထိမရသေး။
Coordinator ကိုပြောတာလည်းအခါခါ။ အဘွားကြီးက လူကိုယ်တိုင်သွားရင် တော့ချောနေအောင် တခါတည်းလုပ်ပေးပေမယ့် email ပို့တယ်ဆို ဘာမှမဖြစ်မြောက်ဘူး။ ဒီနေ့လူကိုယ်တိုင် company ကို သွားလိုက်တာ အဆင်ပြေသွားပြီင်္။ Company ကလူတွေက မနှစ်က လိပ်စာနဲ့စာတွေပို့နေတာဆိုတော့ အလုပ်ဘယ်ဖြစ်ပါ့မလဲ....
Invitation Letter တောင်းထားတာလည်းပို့ပြီးပြီလို့ပြောတာ.........
အခုထိတော့ Lab မှာလည်းမရောက်သေးဘူးတဲ့
ဘာပဲဖြစ်ဖြစ် ဒီညနေတော့ သံရုံး appointment တောင်းပြီး မနက်ဖြန် visa သွားလျှောက်တော့မယ်....
ခရီးက ၁၆ ရက်နေ့သွားရမှာ....
လက်မှတ်ကလည်း Promotion မက်ပြီး non-refundable, fixed date, non-insurance ဝယ်ထားမိတယ်........ ဘယ်လိုမှ လှုပ်လို့မရဘူး
အားလုံးအဆင်ပြေဖို့ ဆုတောင်းနေရတယ်
ထူးထူးခြားခြား...ဒီရောက်နေတဲ့ ၃လအတွင်းမနက်က ဘုရားရှိခိုးဖြစ်တယ်.......
ကောင်းလေစွ...ကောင်းလေစွ...ကောင်းလေစွ
Friday, May 1, 2009
Friday Market in Leuven
Friday Market ကိုတော့ ဒီတခေါက် ပထမဆုံးရောက်ဖူးတာပါ။ ကျမ မရောက်သာမရောက်တာ။
တကယ်တော့ Friday Market ကဒီနှစ် ကျမနေရတဲ့အဆောင်နဲ့ နီးနီးလေးရယ်၊ Central Library ရှေ့က Ledeuze Plein မှာခင်းရောင်းတာပါ၊ Saturady Market က M. de Layens Plein နဲ့ F. Smolders Plein (ဒါလည်းနီးတာပါပဲ) Sunday Market က Heverlee ဘူတာရှေ့က ကွပ်လပ်မှာရောင်းတာ။ Sunday Market ကိုတော့အရင်နှစ်တွေက ရောက်ဖြစ်တယ်။ ဒါပေမယ့် ဈေးသိမ်းမှရောက်တာချည်းပါ.........
အခုFriday Market ကတော့ Sunday Market ထက်ပိုကြီးပြီးပိုစည်တယ်။ Sunday Market စည်တဲ့အချိန်မမြင်ဘူးလို့ လည်းဖြစ်နိုင်တယ်။ နေရာပိုကျယ်တာတော့သေချာတယ် ...:P
ငါးဆိုင်တွေ၊ အသားဆိုင်တွေ၊
ဟင်းသီးရွက်ဆိုင်တွေ၊
လတ်ဆတ်တယ်ဆိုတဲ့ အသီးအရွက်တွေ
Tropical Fruits
Strawberry ကြီးတွေ (မချိုမချဉ်ရယ်) ဒီဘက်က အချိုမုန့်
ပေါင်မုန့် ကိတ်မုန့် ဆိုင်တွေ၊ အဝတ်အထည်၊
ကျမ ကြိုက်တဲ့ကြက်ကင်၊ ဈေးသည်တွေကလည်း (ရောင်းတဲ့လူ၊ အကင်လဲတဲ့လူ၊ အရွက်ကြော်တဲ့လူ) ဘယ်သူမှလက်မလည်ဘူး....
အစုံအစုံ ပါပဲ..................မနက်စောစောကားတွေနဲ့လာ၊ ဈေးတန်းကြီးလုပ်ပြီးရောင်းကြတာပါ။
အသီးအနှံဆိုလတ်လတ်ဆတ်ဆတ် (လတ်ဆတ်တော့တခါတလေ စူပါမတ်တွေထက်ဈေးပိုကြီးပါတယ်)၊ အသားငါး တွေတော့ဈေးချိုချိုနဲ့ရလို့ တကူးတကလာကြတာတဲ့။
သူငယ်ချင်း ဝယ်လာတဲ့ငါးခေါင်းက ၂ခုကို ၁ယူရိုတဲ့၊ ဆော်လမွန်ခေါင်းတဲ့
ကျမကဓါတ်ပုံ လျှောက်ရိုက်နေတော့ သူ့ငါးခေါင်းဘယ်လောက်ကြီးလဲ မကြည့်လိုက်ရဘူး။
အသက်တော်တော်ကြီးနေတဲ့ အဖိုးကြီး၊ အဘွားကြီးတွေလည်း တုန်တုန်ချိချိဈေးတန်းလျှောက်၊ ဈေးဝယ်ကြတယ်။
လူတွေရုတ်ရုတ်၊ ဈေးသည်တွေဈေးခေါ်တဲ့အသံနဲ့ (တကယ်.. လှည်းတန်းဈေးကဈေးသည်တွေအတိုင်း...လာပါ၊ ယူပါ၊ လတ်ပါတယ်နဲ့ အော်နေကြတာ)၊ CD ရောင်းတဲ့ဆိုင်ကသီချင်းသံဆူညံညံနဲ့ ၊ ပျော်စရာ.....................
ဈေးတန်းတပါတ်ပြည့်တော့ ကြက်ကင်ဆိုင်ဝင်ပြီး ....ကြက်တပေါင် ၁.၇၅ နဲ့ဝယ်ခဲ့တယ်...........
ညနေခရီးသွားမှာ ဟင်းမချက်ချင်တာနဲ့အတော်ပဲ............
အိမ်ပြန်ရောက်ရောက်ချင်းခြေထောက်ဘက်က စဖြိုလိုက်တယ်.......................